Cart

ဝူဟန်မှာ ဘာတွေ အမှန်တကယ်ဖြစ်ခဲ့သလဲ

20000.00 MMK

Author: ရဲမင်းဝင်း
ID: #1032 Pages: 575

- ဗိုင်းရပ်စ်က လင်းနို့က စတာလား၊ ဓာတ်ခွဲခန်းက စတာလား။ တရုတ်၊ အမေရိကန်နဲ့ WHO တို့ ပါဝင်ပတ်သက်နေတဲ့ ကိုဗစ် ၁၉ ရဲ့ မူလဇာစ်မြစ် လျှို့ဝှက်ချက်ကို စုံစမ်း​ထောက်လှမ်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - သတင်းထောက် ရှာရီမာ့ခ်ဆင်က ကိုဗစ် ၁၉ ရဲ့ မူလအစကို ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေ၊ လျှို့ဝှက်အစီအစဉ်တွေ၊ သီးသန့်အစီအစဉ်နဲ့ ပြုလုပ်တဲ့ သုတေသနအစီအစဉ်တွေကို ဒီစာအုပ်မှာ စုံစမ်းဖော်ထုတ်ပြီး ရေးသားထားပါတယ်။ - တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဒီ ဗိုင်းရပ်စ်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အဓိကစာရွက်စာတမ်းတွေ၊ ဝူဟန်က သတင်းထုတ်ဖော်ပြောကြားတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ ဗိုင်းရပ်စ် စတင်ပြန့်နှံ့တဲ့အချိန်မှာသိထားတယ်လို့ထင်ရတဲ့ အချက်အလက်တွေကို ချေဖျက်ပြလိုက်တဲ့ မျက်မြင်သက်သေတွေရဲ့ ထုတ်ဖော်ပြောကြားမှုတွေ ပါဝင်ပါတယ်။ - ဝါရှင်တန်က အတွင်းလူတွေနဲ့ အဆက်အသွယ်ကောင်းတွေရှိနေတဲ့ ရှာရီမာ့ခ်ဆင်ဟာ စာဖတ်သူကို အိမ်ဖြူတော်အတွင်းပိုင်းထဲအထိခေါ်ဆောင်သွားပြီး သမ္မတထရန့်ရဲ့ ထိပ်သီးလက်ထောက်တွေ ဖော်ထုတ်ပြောကြားတဲ့ မီးတောက်နေတဲ့ ဘဲဥပုံရုံးခန်းထဲက ပဋိပက္ခတွေ၊ အရေးပေါ် အစည်းအဝေးခန်းထဲက ပေါက်ကွဲလုနီးပါး ပြဿနာတွေကို ဖော်ထုတ်ရေးသားမှုတွေ၊ အစိုးရအကြံပေးတွေနဲ ထိမ်ချန်ချင်တဲ့ သိပ္ပံပညာရှင်တို့ရဲ့ အတွင်းရေးတွေကိုပါ ဖော်ထုတ်ရေးသားထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews