12000.00 MMK
Author:
အလင်းဆက် (IR)
ID: #1095
Pages: 208
- ယနေ့ခေတ်ကာလတွင် နည်းပညာနှင့် သိပ္ပံ ဖွံ့ ဖြိုးတိုးတက်မှုများကြောင့် တည်နေရာ၏ အရေးပါမှု အခန်းကဏ္ဍ လျော့နည်းလာပြီဖြစ်သည်။ သို့သော် ပထဝီဆိုင်ရာ မဟာဗျူဟာမြောက်မှုနှင့် ပထဝီနိုင်ငံရေးသည် နိုင်ငံတကာဆက်ဆံရေးနှင့် လုံခြုံရေး မဟာဗျူဟာများအတွက် အရေးပါဆဲဖြစ်သည်။ - ပထဝီနိုင်ငံရေးပညာရှင် အက်ဝပ် အေယာ (Edward L. Ayer) ဆိုခဲ့သလိုပင် ပဋိညာဉ်တွေ ပျက်ပြယ်ကောင်းပျက်ပြယ်မည်၊ စာချုပ်တွေ တစ်ဖက်သတ် ရုပ်သိမ်းကောင်း ရုပ်သိမ်းမည်၊ ပထဝီကတော့ သူ့သားကောင်ကို အခိုင်အမာ ဆုပ်ကိုင်ထားမည်} ဖြစ်သည်။ - အင်ဒို - ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝချမ်းသာမှုနှင့် လုံခြုံရေးအတွက် ဗဟိုချက်တစ်ခုသဖွယ် ဖြစ်လာသည်။ ယင်းဒေသတွင် နိုင်ငံပေါင်း ၂၀ ကျော်၊ လူဦးရေ လေးဘီလျံကျော်နှင့် ကုန်သွယ်မှုတန်ဖိုး ၄၇.၁၉ ထရီလျံကျော် ရှိသည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်သော အင်အားကြီး လေးနိုင်ငံ (တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်) ရှိသည်။ - စီးပွားရေးပညာရှင်များ၏ အဆိုအရ ကမ္ဘာ့အလုပ်အများဆုံး ပင်လယ်ဆိပ်ကမ်း ဆယ်ခုအနက် ကိုးခုမှာ အင်ဒို - ပစိဖိတ်ဒေသတွင်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းကျော် ရှိသည်။ အင်ဒို - ပစိဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား အားပြိုင်မှုများသည် စစ်အေးတိုက်ပွဲသစ်တစ်ခုသဖွယ် နိုင်ငံတကာ ယှဉ်ပြိုင်မှုများ၏ ပဲ့ကိုင်နေရာသဖွယ် ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးပညာရှင်များက သုံးသပ်ကြသည်။