5000.00 MMK
Author:
မျိုးတေဇာမောင်
ID: #1036
Pages: 94
အမီခိုင်းရဲ့နေရာ မိမိဘဝမှာ ပြတင်းပေါက်များစွာရှိကြသလို သေတွင်းများစွာလည်း ရှိကြတယ်။ တစ်ခါတလေ သူတို့ နေရာပြောင်းကြတယ် ပြတင်းတစ်ချပ်ဟာ ထာဝရပိတ်ဆို့သွားခဲ့ပြီး ဂူကျောက်စာတိုင်ဟာ ကိုယ့်ကို အဝေးကြီးကို လှမ်းရှုမြင်စေတယ်။ လူတွေဟာ နာကျင်မှုကို ကုသဖို့ တစ်ယောက်ကို တစ်ယောက် သုံးစွဲကြတယ်။ တစ်ယောက်ရဲ့ ဘဝဖြစ်တည်မှုဒဏ်ရာပေါ် အခြားတစ်ယောက်ပေါ် တင်လိုက်တယ် မျက်လုံးပေါ်၊ ယောနိပေါ်၊ ပါးစပ်ပေါ် ဖြန့်ထားတဲ့လက်ပေါ် . . . ဂျေရုစလင်ဟာ အမတရဲ့ ကမ်းခြေက ဆိပ်ကမ်းမြို့တော်ဖြစ်တယ်။ အချိန်တွေဟာ နာရီတွေထဲမှာ မရှိသလို အချစ်ဟာ ကိုယ်ခန္ဓာထဲမှာ မရှိဘူး ကိုယ်ခန္ဓာတွေဟာ အချစ်အကြောင်းပဲ ပြောတတ်ကြတာဖြစ်တယ်။ သားသတ်သမားဟာ ဓားတစ်ချောင်းကို အခြားတစ်ချောင်းနဲ့ သွေးသလို ကိုယ်ဟာ ကိုယ့်ထဲမှ နှလုံးသားတစ်ခုကို အခြား နှလုံးသွေးနဲ့ သွေးတယ်။ ဘဝဆိုတာ သင်္ဘောနစ်မြုပ်ခဲ့တာ ကြာပြီးမှ ဆိပ်ကမ်းကို အပြီးသတ်တည်ဆောက်ရတာလည်း ဖြစ်တယ်။ (မြန်မာပြန် - ဇေယျာလင်း) - ယဟူဒါအမီခိုင်းဟာ ၂၀ ရာစုထဲ အစ္စရေးရဲ့ အကြီးကျယ်ဆုံးမော်ဒန်ကဗျာဆရာ ဖြစ်ပါတယ်။ - လူသား (ဖြစ်တည်မှု) အနေအထားရဲ့ မရှိမဖြစ်အစိတ်အပိုင်းတွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ စစ်ပွဲ၊ ငယ်ဘဝ၊ မိဘများ၊ နိုင်ငံရေး၊ လိင်နဲ့ ဘုရားသခင်တို့အကြောင်းကို ရေးသားဖွဲ့နွဲ့ရာမှာ နိုင်ငံ၊ လူမျိုးဘောင်တွေကို ကျော်လွန်ပြီး သုညဖြစ်သွားစေ (အားလုံးကို တစ်သားတည်းဖြစ်သွားစေ) တဲ့အထိ ပြောင်မြောက်လှပါတယ်။ - ကဗျာကို အရပ်သုံးဟီဘရုးဘာသာစကားနဲ့ အစောဆုံးရေးသားခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ကဗျာတွေကို ဘာသာစကားပေါင်း လေးဆယ်ကျော် ဘာသာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။