Cart

၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ

8000.00 MMK

Author: လူထုဒေါ်အမာ
ID: #1055 Pages: 264

- ကျွန်မတို့ဆီမှာ "သူတို့စီးပွားရေးကဘာလဲ" လို့ မေးရင် "၁၂ ပွဲဈေးသည်" လို့ဖြေမယ့် အရောင်းအဝယ်သမားတမျိုးရှိပါတယ်။ သူတို့က ဘုရားပွဲတွေမှာ ဈေးလိုက်ရောင်းတာပါ။ နို့ပေမဲ့ ဒီစကားက ယေဘုယျသိပ်ကျပါတယ်။ - ကျွန်မတို့နိုင်ငံက တောင်သူလယ်သမားများဟာ လူများစုဖြစ်တဲ့နိုင်ငံဟုတ်လား။ အဲဒီတော့ ဒေသတခုရဲ့ ကောက်ပဲသီးနှံပေါ်ချိန်မျိုးမှာ ခင်းကျင်းပေးတဲ့ ပွဲဈေးကြီးရှိရာကို ဘုရားလည်းဖူးရင်း၊ ကုန်ဖလှယ်မှုလည်းပြုရင်း ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့လည်းတွေ့ရင်း အနယ်နယ်အရပ်ရပ်ကပဲ ပွဲတော်ကိုလာကြတယ်လေ။ - တနှစ်တာအတွက် အပန်းလည်းဖြေရင်းပေါ့။ ဂေဇက်ရ ဘုရားပွဲလို့ခေါ်တဲ့ အဲဒီပွဲဈေးကြီးတွေဟာ စင်စစ်တော့ ကျွန်မတို့လူမျိုးရဲ့ လူမှုရေးတစိတ်တဒေသပါကလား။ ရွှေပွဲလာတွေထဲမှာ အတော်များများက ကိုယ့်ပါလာတဲ့ထွက်ကုန်ကလေးတွေကို ပွဲခင်းကြီးထဲမှာ တနေရာရာမှာ ပျံကျဈေးသည်အဖြစ်နဲ့ ချရောင်းတတ်တယ်။ - ပြီးတော့ အဲဒီကရတဲ့ ပိုက်ဆံနဲ့ ကိုယ်လိုအပ်ရာရာကို ပွဲဈေးကပြန်ပြီး ဝယ်ခြမ်းကြတယ်။ ဒီလိုရောင်းစရာမရှိလည်း ငွေရှိတဲ့လူက ငွေပိုက်လာပြီးတနှစ်စာ အိမ်သုံး၊ လယ်ယာသုံးပစ္စည်းတွေကို ဒီပွဲမှာလာဝယ်တာပဲ။ - ကျွန်မတို့ မြို့နေလူတွေက မီနီမားကတ်တို့ ဒီပါ့တ်မင်တယ်စတိုးတို့ ဆိုတာမျိုးတွေကို ဝင်ထွက်သွားလာနေပြီး၊ ဘုရားပွဲကြီးဆိုတာ ရွှေတိဂုံ တပေါင်းပွဲလောက်သာ မြင်ဖူးတာဆိုရင်တော့ ခု ကျွန်မပြောတဲ့ ဂေဇက်ရဘုရားပွဲကြီး တပွဲလောက်ကို ကြုံဆုံရင် သွားကြည့်စေချင်ပါတယ်။ ဘယ်မှာမှ ဘယ်တော့မှ မမြင်မတွေ့ရဖူးတာတွေကို မြင်တွေ့ရမှာပါ။ (လူထုဒေါ်အမာ)

အဆင့်နှင့်မှတ်ချက်များ

User reviews