30000.00 MMK
Author:
လူထုဒေါ်အမာ
ID: #1249
Pages: 606
- ကလျာမဂ္ဂဇင်းမှာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိ ရေးသားလာခဲ့တဲ့ ဆောင်းပါး ၁၄၄ ပုဒ် ပါဝင်ပါတယ်။ - မြန်မာ့ယဉ်ကျေးမှုလူ့ဘောင် တစတစ ယိုယွင်းပျက်စီးနေတာများကို မကြည့်ချင်မြင်လျက်သား ဖြစ်နေတာကြောင့် စိတ်မချမ်းမြေ့စွာနဲ့ ရေးသားခဲ့တာလို့ ဆိုပါတယ်။ - "ဒီအကြောင်းအရာများဟာ မိဘများက သားသမီးများကို 'ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ' ပြောဆိုဆုံးမရမယ့် စကားမျိုးတွေပါ။ ဒါပေမဲ့ ကနေ့ခေတ်မှာ အိမ်ရှိလူကုန် ထွက်အလုပ်လုပ်နိုင်မှ ပါးစပ်လှုပ်နိုင်ကြတာမို့ မိသားစုဘဝဆိုတာ မရှိတော့ဘဲ မိဘတွေမှာ စားဝတ်နေရေးကို လုံးပန်းနေရတာကြောင့် မျက်နှာချင်းဆိုင် ထမင်းဝိုင်းမှာ ပြောဆိုဆွေးနွေး ဆုံးမချိန် မရတော့ဘူး။ ဒါ့ကြောင့် အမေလူထုဒေါ်အမာက မိဘတွေကိုယ်စား ဆုံးမစကား ပြောပေးထားတာပါ" လို့ ညွှန်းဆိုထားတဲ့ ယခုစာအုပ်ကို ဖတ်ကြည့် စေချင်ပါတယ်။