15000.00 MMK
Author:
လူထုဒေါ်အမာ
ID: #1357
Pages: 152
- မန္တလေးသူ မန္တလေးသားများစာအုပ်က မန္တလေးမြို့ လူထုထဲမှာ ထူးထူးခြားခြားရှိတဲ့ မြို့သူမြို့သား ၁၄ ဦးအကြောင်း မှတ်တမ်းတင်ထားတာပါ။ - စံပြပရဟိတ သူရဲကောင်း ဒေါ်ဦးဇွန်း၊ မစိုးရိမ်တိုက် ဒါယကာ သူဌေးဦးသက်ရှေနဲ့ သားဦးကျော်၊ မိုက်သူကြီးဦးမောင်ကြီး၊ အသားစားရှောင်ကြဉ်ရေးဦးကျော်လှ - သံဃာတော်များ ဝတ်ရုံတဲ့သင်္ကန်း ပိန္နဲဆိုးခေတ်ကနေပြီး ဓာတ်ဆေးဆိုးခေတ်ကို ကူးပြောင်းပေးခဲ့တဲ့ ဗန္ဓုလဦးဆိုင်၊ တနေ့တခြားမြို့သွင်ပြင်လက္ခဏာတွေပြောင်းလဲနေတဲ့ မန္တလေးမှာ “ဒါမန္တလေးပါပဲ” လို့ ပြောနိုင်သေးအောင် မြန်မာမှုအပြည့်ပါဝင်တဲ့ သာသနာ့အဆောက်အအုံတွေကို ဆောက်လုပ်ပေးခဲ့တဲ့ ဗိသုကာဆရာဆိုင် - လက်ဝှေ့ဆိုတာ အနုပညာပါပဲဆိုတဲ့ ကျားဘညိမ်း၊ အသက် ၉၀ ကျော်ထိ ရှေးဟောင်းသုတေသနလုပ်ငန်းတွေလုပ်ဆောင်သွားတဲ့ ကျောက်စာဝန်ဦးမြ၊ သစ်ပင်ဒကာကြီးဦးငွေ - မန္တလေးသူကြီးတွေဖြစ်တဲ့ ပန်းကန်သည် ဒေါ်မြ၊ နဂါးဒေါ်ဦး၊ မန္တလေးက ပွဲကတော်ကြီးတွေဖြစ်တဲ့ ဒေါ်သီ၊ ဒေါ်ချစ်၊ ဒေါ်စီ တို့အကြောင်းတွေကို ဖတ်ရှုရပါမယ်။ _လူထုစာအုပ်တိုက်