9000.00 MMK
Author:
ဖြိုးမင်းသန့်
ID: #1059
Pages: 120
- ဂျပန်လူမျိုး ဟုဆိုလိုက်လျှင် ကျွန်တော်တို့ခေါင်းထဲသို့ ‘အလုပ်ကြိုးစားခြင်း’ ဟူသည့်စကားလုံးက အရင်ရောက်လာလိမ့်မည် ထင်ပါသည်။ သူတို့သည် ဒုတိယကမ္ဘာစစ်ရှုံးနိုင်ငံအဖြစ်နှင့် ပြာပုံထဲမှနေပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးစားပြခဲ့သော လူမျိုးများ မဟုတ်ပါလား။ - နောက်ထပ် ကျွန်တော်တို့စိတ်ထဲပေါ်လာနိုင်သည်မှာ ‘မြင့်မားသော နည်းပညာများ’၊ ‘စက်ရုပ်များ’၊ ‘အရည်အသွေးမြင့် မော်တော်ကားများ ဖြစ်နိုင်သည်။ ယနေ့ခေတ်ဂျပန်မဟုတ်ဘဲ ရှေးခေတ်ဂျပန်ဟု ဆိုပြန်လျှင်လည်း ကျွန်တော်တို့ အရင်ဆုံး သတိရမည်မှာ သစ္စာရှိရဲရင့်လှသော ဆာမူရိုင်းများ ဖြစ်လိမ့်မည်။ - သို့သော် ဂျပန်လူမျိုးများ၏ ဂမ္ဘီရအစီအရင်များ၊ အယူသီးမှုများ၊ ရှေးရိုးယုံကြည်မှုများအကြောင်းနှင့် ပတ်သက်၍မူ ကျွန်တော်တို့ မပြောဖြစ်သလောက်ပင်။ ထိုသို့ မပြောဖြစ်သော်လည်း မာနဲခိနဲခို ဟုခေါ်သော ဂျပန်လူမျိုးတို့၏ လာဘ်ခေါ် ကြောင်ရုပ်လေးမှာ ကျွန်တော်တို့နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်နေရာယူထားပါသည်။ ထိုအရုပ်လေးမှာ ဂျပန်တို့၏ ကံကောင်းစေသော အဆောင်တစ်မျိုးဖြစ်ကြောင်း ကျွန်တော်တို့ သတိမထားမိခြင်းသာ ဖြစ်ပါသည်။ - ဤစာအုပ်သည် ဂျပန်တို့၏ ရှေးရိုးဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများ၊ အစီအရင်များ၊ အဆောင်လက်ဖွဲ့များ နောက်ကွယ်မှ ကံကောင်းအောင်မြင်စေသည့် လက်တွေ့ဘဝသင်ခန်းစာများ၊ ဒဿနများကို ယုတ္တိနည်းကျ ဆွဲထုတ်ပြထားသည့် စာအုပ်ဖြစ်ပါ သည်။ - ဂျပန်တို့၏ ကံကောင်း၊ ပျော်ရွှင်နည်းလျှို့ဝှက်ချက်များ ဆိုသော်လည်း တရုတ်၊ အိန္ဒိယအပါအဝင် အခြားယဉ်ကျေးမှု အသီးသီး၏ ယုံကြည်မှုများ၊ ရိုးရာပုံပြင်များ၊ ထူးခြားသောအဖြစ်အပျက်များနှင့် ၎င်းတို့၏ နောက်ကွယ်မှ ဒဿနများကိုလည်း စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားပါသေးသည်။ ဘဝအတွက် လက်တွေ့အသုံးချနိုင်မည့် ကံကောင်းခြင်းစက်ဝိုင်း သုံးခုကဲ့သို့သော လက် တွေ့နည်းလမ်းများလည်း ပါဝင်ပါသည်။ - ဤစာအုပ်၏ မူရင်းစာရေးဆရာ နိုဘူအိုဆူဇူကီးသည် ဂျပန်လူမျိုး စာရေးဆရာနှင့် တွေးခေါ်ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၁ တွင် ထွက်ရှိခဲ့သော "Wabi Sabi : Wisdom in Imperfection" စာအုပ်ဖြင့် အာရှတွင်သာမက အနောက်နိုင်ငံများတွင်ပါ နာမည်ရလာခဲ့သူဖြစ်သည်။