20000.00 MMK
Author:
ခင်ခင်ထူး
ID: #1066
Pages: 583
- "မအိမ်ကံ" က စာရေးဆရာမခင်ခင်ထူးရဲ့ ထင်ရှားတဲ့လက်ရာတစ်ခု။ - စာရေးသူငယ်စဉ်က ရွာမှာနေထိုင်စဉ် လူကြီးသူမတွေ အစပျိုးပြောပြခဲ့တဲ့ ဒေါ်ကံအမည်ရ အမျိုးသမီးကြီးအကြောင်းကို အခြေတည်ဇာတ်အိမ်ဖွဲ့ထားပါတယ်။ - ဆရာမရဲ့ ဝတ္ထုအများစုမှာ ရပ်ဓလေ့ရွာဓလေ့တွေ၊ မြန်မာမိန်းမပျိုတို့ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ကိုယ်ကျင့်တရားတွေနဲ့ ထုံမွမ်းရေးသားလေ့ရှိပြီး ယခုစာအုပ်မှာလည်း ယင်းအခြင်းအရာတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။ - မအိမ်ကံဟာ ရုပ်ရည်ချောမောလှပသူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ပစ္စည်းဥစ္စာပြည့်စုံသူမျိုးရိုးဖြစ်ပေမယ့်လည်း သူ့မိဘရဲ့ချွတ်ယွင်းချက်တစ်ခုကြောင့် သူအင်မတန် တန်ဖိုးထားရယူချင်တဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်မယ့် အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။။ - အဲဒီနောက် သူ နိုင်ငံရေးသမားကိုပြေသိမ်းနဲ့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်မွေးတယ်။ သူ့ဘဝမှာ ကိုင်ခွင့်မရခဲ့ရှာတဲ့ ကွမ်းတောင်ကို သမီးနှစ်ယောက်ကိုင်ခွင့်ရစေရမယ်လို့ သူ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကံတရားက မအိမ်ကံကို မျက်နှာသာမပေးခဲ့။ ဆိုရရင် မအိမ်ကံ၀တ္ထုဟာ ကွမ်းတောင်ကိုင်ဘ၀ကို တပ်မက်ခဲ့ရှာသူ မိန်းမပျိုလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို စာပန်းချီခြယ်သထားတာဖြစ်ပါတယ်။ - အဲဒီစာပန်းချီကို အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ် နောက်ခံကာလတွေ၊ ကျေးလက်ဓလေ့ထုံးတမ်းစဉ်လာတွေ၊ လူ့စရိုက်လူ့သဘာဝပုံဖော်မှုတွေနဲ့ ရသမြောက်စွာ ခြယ်မှုန်းထားပါတယ်။