20000.00 MMK
Author:
ခင်ခင်ထူး
ID: #1437
Pages: 477
"လေးစားချစ်ခင် မြတ်နိုးဖွယ်ကောင်းသော အညာကျေးလက် ယဉ်ကျေးမှုကြီးတစ်ရပ်လုံးကို ခြယ်မှုန်းပြဖို့ ကျွန်မမှာ ခွန်အားမပြည့်သေးပါ။ထို့အတူ ကျွန်မတို့ ရပ်ရွာဒေသက အညာဓလေ့ ယဉ်ကျေးမှုအားလုံးကို မှတ်တမ်းတင်နိုင်ပြီဟုလည်း မဆိုဝံ့ပါ။ ရေးမည်ဆိုလျှင် ရေးဖွဲ့စရာတွေ ကျန်ပါသေးသည်။ အညာလေနှင့်ဆိုရပါလျှင် 'သာလောက် ဘာကလိမ့် မတုံး' ဟု ဆိုရပါမည်" _ခင်ခင်ထူး - အညာကျေးလက်လူနေမှုစရိုက်၊ အညာကျေးလက်သဘာဝ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု စသည်တို့နှင့် ပတ်သက်ပြီး အရေးအဖွဲ့ကောင်းသူ ဆရာမခင်ခင်ထူး၏ လက်ရာတစ်ခု ဖြစ်သည်။ - စာရေးသူကိုယ်တိုင်က အညာဆွေမျိုးများနှင့် ထိရင်းစပ်ရင်း၊ နေရင်းထိုင်ရင်း၊ ဆော့ရင်းကစားရင်း၊ ပဲဆွတ်ရင်း၊ မြေပဲနုတ်ရင်း၊ နွားကျောင်းရင်း၊ ခဲထုရင်း ကြီးပြင်းခဲ့သည့် အညာကျေးတောသူတစ်ဦးဖြစ်သည်မို့ ပီပြင်သောစာတစ်ပုဒ်ကို ရသမြောက်စွာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရပါမည်။ - မြန်မာတို့၏ ဘဝနိမိတ်ပုံဖြစ်သော အညာကျေးလက် ယဉ်ကျေးမှုဇာတ်ခုံပေါ်တွင် ကပြနေကြသည့် စာရေးသူ၏ဆွေမျိုးဇာတ်ကောင်များကို ဇာတ်ပွဲကြည့်သူတစ်ယောက်အမြင်ဖြင့် ရေးထား သည့် အညာသူအညာသားများအကြောင်းကို ဖတ်ကြည့်စေချင်ပါသည်။