Cart

မြန်မာဝတ္ထုတို အတတ်ပညာ ဖွံဖြိုးတိုးတက်လာပုံ

7000.00 MMK

Author: ဆက်ကျော်လင်း (မြန်မာစာ )
ID: #1092 Pages: 223

"မြန်မာဝတ္ထုများကို စနစ်တကျ စိစစ် သုံးသပ်မှုပြုသည်။ "စာသည်ရှေ့ဆောင်ဖြစ်၍ နည်းသည် နောက်လိုက်ဖြစ်သည် " ဟူသော ဆရာဇော်ဂျီ၏ အဆိုအမိန့်နှင့်အညီ မြန်မာဝတ္ထုတိုများကို လေ့လာ၍ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံ၊ရှုထောင့်၊ အာဘော်၊ အရေးအဖွဲ့ဆိုင်ရာနည်းနာများကို ဖော်ထုတ်ပြသည်။ ဝတ္ထုတို လေ့လာသူများအတွက် လမ်းပြပေးသော တန်ဖိုးကြီးမားသော လေ့လာချက်များဖြစ်သည်။ ရှေ့သွားပုဂ္ဂိုလ်တို့၏ အဆိုအမိန့်များကိုလည်း တစ်စုတစ်စည်းတည်း လေ့လာနိုင်သည့်အတွက် အကျိုးရှိသည်" [မောင်ခင်မင် (ဓနုဖြူ )] - မြန်မာဝတ္ထုတိုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်လာပုံကို စာ​ပေဆိုင်ရာအတတ်ပညာချဥ်းကပ်ပုံနဲ့ ​​လေ့လာတင်ပြထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အဲဒီလို​လေ့လာရာမှာ အနုပညာလက်ရာတစ်ရပ်ရဲ့ အတွင်းသား​​လေ့လာမှုကို အားပြု​လေ့လာထားတယ်လို့ ကျမ်းပြုသူ ဆရာဆက်​ကျော်လင်းက ဆိုပါတယ်။ - တစ်နည်းဆိုရရင် မြန်မာစာပါမောက္ခတစ်ဦးရဲ့ ပါရဂူကျမ်းဖြစ်တဲ့ "လွတ်လပ်​ရေး​ခေတ် မြန်မာဝတ္ထုတိုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်လာပုံ (၁၉၄၈ - ၁၉၆၂)" ကို ပြုပြင်တည်းဖြတ် ​ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ​ - နောက်ဆက်တွဲအ​နေနဲ့ ဦးမြင့်ကြည်၊ ဦးဝင်းမွန်၊ ဦးခင်​အေး၊ ဦးဟုန်ဝမ်၊ ဦး​အောင်သင်း၊ ဦးဝင်းငြိမ်း ဆိုတဲ့ စာ​ပေပညာရှင်​တွေနဲ့ ​တွေ့ဆုံ​မေးမြန်းမှုအကျဥ်း​တွေကို ထည့်သွင်း​ဖော်ပြထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews