8000.00 MMK
Author:
ခင်ခင်ထူး
ID: #1211
Pages: 260
ကိုလိုနီခေတ်က ယောနယ်ထွက် တိုင်းရင်းဖြစ်ပုဆိုးများ ခေတ်စားလှသည်။ ချိတ်ရောင်၊ မည်းရောင်၊ ခိုပြာရောင်၊ ဒေါင်းစိမ်းရောင်အခံများတွင် ကျေးငှက်ရုပ်ကလေးများ ပြောက်ထိုးထားသောပုဆိုးဆင်များကို ကျေးတရာပုဆိုးဟု ခေါ်ကြသည်။ - ကျေးတရာပုဆိုးနှင့်ဆိုလျှင် ကျက်သရေရှိလှသည်ဟု လူကြီးသူမများက ပြောကြသည်။ စာရေးသူက သူဖတ်ခဲ့သမျှ စာဓလေ့များ၊ သူ ရောက်ခဲ့သည့် ခရီးအချို့နှင့် တွေးမိသမျှ အတွေးစတို့ကို ပုဆိုးများအနံစပ်သကဲ့သို့ စပ်ရင်း ရသစာများကို တစုတစည်းတည်း စုစည်းတင်ဆက်ထားသည်မို့ ကျေးတရာရသစာစုများဟု အမည်ပေးထားကြောင်းဆိုထားသည်။ - ရွာဓလေ့၊ စာဓလေ့၊ ခရီးသွား၊ ရသစာစု ဟူသောကဏ္ဍများ၏အောက်မှာ ထည့်သွင်းထားသည့် ရသတစ်ခုချင်း၊ တစ်ပုဒ်ချင်းစီကို ဖတ်ရှုခံစားနိုင်ပါမည်။