6000.00 MMK
Author:
မင်းကျော်
ID: #1070
Pages: 202
- ဆရာမင်းကျော် မြဝတီမဂ္ဂဇင်းမှာရေးသားခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပြီး ဆရာကြီးဦးသုခကအောင်မြင်တဲ့ရုပ်ရှင်ကားအဖြစ် ဖန်တီးခဲ့ပါတယ်။ အဲဒီရုပ်ရှင်နဲ့ လူကြမ်းမင်းသားအံ့ကျော်လည်း အကယ်ဒမီဆု ရခဲ့တယ်။ - နိုင်ငံတကာ စာမတတ်သူများပပျောက်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရသမြောက်စွာဖွဲ့ဆိုထားတဲ့စာအုပ်ဖြစ်ပြီး အဲဒီခေတ်အခါက တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားကျောင်းသူတွေက ကျေးလက်တောရွာတွေအထိသွားရောက်ပြီး သင်ကြားပို့ချခဲ့ကြပုံအကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။ - ဒီစာအုပ်မှာ ပုပ္ပားနယ်တစ်ဝိုက်တာဝန်ကျတဲ့ လူငယ်ကျောင်းသူကျောင်းသားလေးတွေရဲ့ ထက်သန်တဲ့စေတနာ၊ အနေကြာလာတာနဲ့အမျှ ရပ်ရွာနဲ့ သံယောဇဥ်ဖွဲ့တည်မှုတွေနဲ့ လူ့စရိုက်သဘောသဘာဝအထွေထွေကို ရသမြောက်စွာ ဖတ်ရှုခံစားရပါမယ်။