Cart

နိယာမ

15000.00 MMK

Author: Dr. Phyo Min Tun
ID: #1072 Pages: 300+

- အနာဂတ်အတွက် အစီအမံတွေရေးဆွဲကြတဲ့အခါ ကျွန်တော်တို့ မကြာခဏ မေးတတ်တာရှိပါတယ်။ "လာမယ့်နှစ်မှာ စီးပွားရေးက ဘယ်လိုဖြစ်လာမလဲ"။ ဒါမှမဟုတ် "နောက်လာမယ့် ဆယ်နှစ်မှာ ဘာတွေကွာခြားသွားမှာလဲ"။ - ဒါပေမဲ့ ကြိုတင်ခန့်မှန်းရတာ ခက်ပါတယ်။ အနာဂတ်ကို ပုံဖော်ပေးမယ့် အရေးကြီးတဲ့ အဖြစ်အပျက်​တွေကို ပင်ကိုအားဖြင့် မှန်းဆလို့မရပါဘူး။ - အဲဒီအစား အခြားမတူတဲ့ မေးခွန်းကို ကျွန်တော်တို့ ပြောင်းမေးသင့်ပါတယ်။ "အခုကနေစပြီး နောက်လာမယ့် ဆယ်နှစ်မှာ မပြောင်းလဲတာ ဘာတွေဖြစ်မလဲ" "အခုကနေစပြီး နောက်လာမယ့် နှစ်တစ်ရာမှာရော မပြောင်းလဲတာ ဘာတွေဖြစ်မလဲ" - ကြိုတင်မသိနိုင်တဲ့ အနာဂတ်အတွက် ဘယ်တော့မှ မပြောင်းလဲတဲ့ အသိပညာ​တွေဟာ မသေချာမရေရာတဲ့ ခန့်မှန်းချက်​တွေထက် ပိုအသုံးဝင်ပြီး ပိုအရေးကြီးပါတယ်။ - ဘယ်တော့မှ မပြောင်းလဲသော အသိပညာ​တွေကို စွဲကိုင်ထားမယ်ဆိုရင် စွန့်စားမှု၊ အခွင့်အလမ်း၊ မသေချာမရေရာတဲ့ အနာဂတ်တွေမှာ လမ်းကြောင်းရှာတာနဲ့ ပတ်သက်ပြီး သင့်မှာ တွေးခေါ်နိုင်စွမ်းအသစ်တွေ အားကောင်းလာပါလိမ့်မယ်။ ရင်းနှီးပြီးသား အကြောင်းအရာ ၊ အဖြစ်အပျက်တွေကို လာမယ့်နှစ်တွေမှာ ထပ်ခါထပ်ခါ မြင်တွေ့ရတိုင်း သင် ခေါင်းတညိတ်ညိတ်နဲ့ ပြောမိပါလိမ့်မယ်။ " သြော် ၊ နိယာမ ပါပဲ" - "နိယာမ" စာအုပ်ထဲမှာ ရောင်းအားအကောင်းဆုံး စာရေးဆရာ Morgan Housel က ဘဝ၊ အမူအကျင့်နဲ့ စီးပွားရေး​တွေဟာ အမြဲတမ်းအတူတူပဲဆိုတာကို ဇာတ်လမ်းတို ၂၃ ခုနဲ့ မျှ​ဝေထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews