10000.00 MMK
Author:
Dr. Phyo Min Tun
ID: #1358
Pages: 130
- ကြွယ်ဝချမ်းသာခြင်းနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ် အများအပြားရှိပါတယ်။ အဲဒီစာအုပ်တွေထဲမှာ စိတ်ဓာတ်တက်ကြွဖွယ်ရာ၊ အတုယူအားကျစရာ၊ လေ့လာသင်ယူစရာ ကောင်းလောက်တဲ့ ပုဂ္ဂိုလ်တွေအကြောင်း အခြေခံပြီး ချမ်းသာကြွယ်ဝနိုင်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေကြပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေ ကြီးပြင်းလာခဲ့တဲ့ သင်ယူခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေအကြောင်း ရေးသားမျှဝေတာမျိုးတွေက ရှားပါတယ်။ - ဥပမာအားဖြင့် အလီဘာဘာကို တည်ထောင်သူ ဘီလီယံနာသူဌေး ဂျက်မားဟာ တရုတ်လူမျိုးတစ်ယောက်ပါ။ Google ရဲ့ အမှုဆောင်အရာရှိချုပ် ဘီလီယံနာသူဌေး ဆွန်ဒါပီချာအီဟာ အိန္ဒိယနွယ်ဖွားပါ။ နာမည်ကြီး ဆိုရှယ်မီဒီယာ Facebook ကို တည်ထောင်သူ ဘီလီယံနာသူဌေး ဇူကာဘတ်ဟာ ဂျူးလူမျိုး အသိုင်းအဝိုင်းကပါ။ Uniqlo လက်လီအရောင်းဆိုင်ခွဲများလုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျပန်လူမျိုး တဒါရှီယာနိုင်းဟာလည်း ကမ္ဘာကျော် ဘီလီယံနာသူဌေး တစ်ယောက်ပါပဲ။ - အဲဒီပုဂ္ဂိုလ်တွေ နေထိုင်ကြီးပြင်းခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ငွေကြေးဆိုင်ရာ အမူအကျင့်၊ အလေ့အထ၊ သဘောထားတွေဟာ သေချာပေါက် သူတို့အပေါ် များစွာ သက်ရောက်မှုရှိနေတယ်ဆိုတာကို ဒီစာအုပ်မှာ ပြောပြသွားမှာပါ။ - အခုစာအုပ်ထဲမှာ ချမ်းသာစေဖို့အတွက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဂျူး လူမျိုးတွေရဲ့ ငွေကြေးဆိုင်ရာ အလေ့အထ၊ အမူအကျင့်၊ သဘောထားတွေကို အခန်း ၁၄ ခန်းနဲ့ ဖော်ပြပေးထားပါတယ်။