30000.00 MMK
Author:
ဒေါက်တာမြင့်လွင် (စိတ်ပညာ)
ID: #1084
Pages: 690
- Harold R. Kerbo ရေးသားတဲ့ Sociology : Social Structure and Social Conflict စာအုပ်ကို မြန်မာပြန်ဆိုထားတာဖြစ်ပါတယ်။ - တက္ကသိုလ်သင်ရိုးမိတ်ဆက်ဖြစ်တဲ့ လူမှုဗေဒပညာရပ်မှာ "လူ့အဖွဲ့အစည်းတွေ ဘယ်လို ဆင့်ကဲ ပေါ်ပေါက်လာသလဲ၊ ရုပ်ယဥ်ကျေးမှုနဲ့ ရုပ်ဝတ္ထုမဲ့ယဥ်ကျေးမှုတွေ ဘယ်လို ဆင့်ကဲထွန်းကားလာသလဲ၊ လူမှုအလွှာတွေ ဘယ်လိုဖွဲ့စည်းပေါ်ပေါက်လာပြီး လူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိသလဲ၊ ရာဇဝတ်မှုခင်း၊ ကျင့်ဝတ်စည်းကမ်း မလိုက်နာမှုတွေ ဘာကြောင့်ဖြစ်လာသလဲ - မိသားစုအဖွဲ့အစည်း၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံအစိုးရအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပုံ၊ လူဦးရေ ဖွဲ့စည်းမှုရဲ့ လူတွေအပေါ် သက်ရောက်မှု၊ မြို့ပြများ ဖြစ်ပေါ်ပြောင်းလဲလာမှုအကြောင်း၊ ကမ္ဘာ့နိုင်ငံအလွှာအဖွဲ့အစည်းတွေ၊ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ" ဆိုတာ သူ့ရဲ့ ဘာသာရပ်ရှုထောင့်ကနေ လေ့လာထားပါတယ်။ - ဒီနေ့ခေတ် အရေးကိစ္စတွေကိုနားလည်ဖို့၊ ဆောင်ရွက်ဖြေရှင်းနိုင်ဖို့ လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ကျွန်ုပ်တို့သိထားဖို့လိုအပ်တယ်။ လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ အပြန်အလှန် တုံ့လှယ်မှုပုံစံတွေ၊ သဘောသဘာဝတွေဟာ ကျွန်ုပ်တို့ဘဝအပေါ် လွှမ်းမိုးအကျိုးသက်ရောက်တဲ့ အရာတွေ ဖြစ်ကြောင်း လူမှုဗေဒပညာရပ်က ရှင်းလင်း အဖြေရှာပေးပါလိမ့်မယ်။