35000.00 MMK
Author:
လင်းတင့်သီဟ
ID: #1408
Pages: 691
"AI စက်ဉာဏ် ခေါ် အဇီဝဉာဏ်နှင့် လူသားတို့ ဉာဏ်အားချင်း ပြိုင်ဆိုင်မှု" - အုပ်ရေ သန်းချီရောင်းခဲ့ရပြီး ဘာသာစကားလေးဆယ်ကျော် ပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ - ရောဘတ်လန်ဒင် အမည်ရ ဇာတ်ကောင် ပါဝင်တဲ့ စာအုပ်ဖြစ်ပြီး သူဟာ ဟားဘတ်တက္ကသိုလ်ရဲ့ ဘာသာရေးနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ သင်္ကေတဗေဒပါမောက္ခ တစ်ဦးဖြစ်ပါတယ်။ - လန်ဒင်ကို စပိန်နိုင်ငံ ဘီလ်ဘာအို ဂူဂန်ဟိုင် ပြတိုက်ဆီ ကြွရောက်ဖို့ ဖိတ်ခေါ်သူက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာ၊ AI ခေါ် အဇီဝဉာဏ်သိပ္ပံနဲ့ နာနိုနည်းပညာရှင် ဘာသာမဲ့ တပည့်ကျော်ကြီး အက်ဒ်မန်ခါးရှ်။ - လူတို့ ကိုးကွယ်ယုံကြည်ရာ ကမ္ဘာ့ဘာသာရေးအထွေထွေတို့ရဲ့ မူလဇာစ်မြစ်ကို အမြစ်ကနေ မြေလှန်ပစ်ဖို့ "သက်ရှိလူသားတွေ ဘယ်က လာသလဲ"၊ "ဘယ်ကို ဆက်သွားကြမှာလဲ" ဆိုတဲ့ မေးခွန်းနှစ်ခုကို စောင့်ကြည့်သူပေါင်းများစွာဆီ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာ အက်ဒ်မန် လုပ်ကြံခံလိုက်ရတဲ့အခါ ... ။ - ကက်သလစ် စပိန်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ၊ မိစ္ဆာဒိဋ္ဌိ ကွန်မြူနစ်တို့ကို နှိမ်နင်းသူအဖြစ် မိမိကိုယ်မိမိ သတ်မှတ်ထားသော ဖရန်စစ္စကို ဖရန်ကို ဆက်ခံသူတွေနဲ့ နည်းပညာခေတ်ကို သွားနေသူတွေ၊ ဗာတီကန်နဲ့ စင်ပြိုင် ပါးမာရီယာန်၊ စပိန်တော်ဝင်မိသားစုနဲ့ ခေတ်သစ်နိုင်ငံရေးကို လိုလားသူတွေ၊ သိပ္ပံနဲ့ နှီးနွှယ်ပတ်သက်ရာ အနုပညာလက်ရာတွေ အစရှိတဲ့ အကြောင်းအရာတွေနဲ့ မနားတမ်း ဆွဲခေါ်သွားမယ့် သိပ္ပံဝတ္ထုဖြစ်ပါတယ်။