Cart

ကိုယ်တွင်းသမားတော်

15000.00 MMK

Author: ဒေါက်တာမြင့်လွင် (စိတ်ပညာ)
ID: #1363 Pages: 291

"သင့်ခန္ဓာကိုယ် နာမကျန်းဖြစ်နေပြီ ဆိုတာဟာ သူ့မှာ တစ်ခုခု မှားယွင်းနေပြီလို့ သင့်ကို ပြောပြနေတာပဲ ဖြစ်တယ်" _Louise L. Hay - ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှု ဆိုတာဟာ ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေ ဟန်ချက်မညီ ဖြစ်ခြင်းနဲ့ သဟဇာတ မဖြစ်ခြင်းတွေကနေတစ်ဆင့် တိုးတက် ပေါ်လွင် ထင်ရှားလာတာပါ။ အတွေးစိတ်ကူးတွေဟာ ခံစားမှုတွေကို ဖန်တီးတယ်။ ဒီခံစားမှုတွေကတစ်ဆင့် ခန္ဓာကိုယ်ကို ဘယ်လို တုံ့ပြန်ဖို့ ဆိုတာကို အသင့်ပြင်ထားစေတယ်။ စိတ်တွင်းမှာ ဘာအကြောင်းအရာတွေပဲ ဖြစ်ဖြစ် အဲဒီအကျိုးဆက်ဟာ ခန္ဓာကိုယ်မှာ နီးကပ်ထင်ဟပ် ပေါ်လွင်နေပါတယ်။ - မိမိကိုယ်ကို ကိုယ်တိုင် ကုသကာကွယ်ဖို့ ထူးခြားအားတက်ဖွယ် အချက်တစ်ချက်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ဦးနှောက်ကို စေစားနိုင်တယ် ဆိုတာပဲ ဖြစ်တယ်။ - ဒီစာအုပ်ဟာ တကယ်လို့ သင် နာမကျန်းဖြစ်နေရင် သင့်ကိုယ်သင် ကိုယ်တိုင် ကုသမှုဖြစ်စဥ်မှာ ဘယ်လို ပါဝင်လုပ်ဆောင်ရမယ်၊ နာမကျန်း ဖြစ်နေတာ မဟုတ်ရင် ဘယ်လို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တယ် ဆိုတာကိုလည်း ပြောပြလိမ့်မယ်။ - မိမိကိုယ်မိမိ အမှန်တကယ် ချစ်မြတ်နိုးမှု၊ ဂရုစိုက် စောင့်ရှောက်မှုတို့ကို ပြုကြရမယ့် အကြောင်း၊ အင်အားကြီးမားတဲ့ စိတ်စွမ်းအင်၊ မှန်ကန်တဲ့ စိတ်ထားနဲ့ မိမိကိုယ်ကို ကုစားနိုင်ပုံ နည်းလမ်းတွေ၊ အဲဒီ နည်းတွေကို အသုံးပြုပြီး သေလောက်ဖွယ် နာမကျန်းမှု ဖြစ်နေရာမှ ကုစားလွတ်မြောက်နိုင်ခဲ့ကြသူတို့ရဲ့ သာဓက များစွာတို့ကို ဗဟုသုတရဖွယ် တင်ပြထားတယ်။ - စိတ်တွင်းအာရုံဖော်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း၊ ခန္ဓာကိုယ်သင့် အဆိပ်တို့ကို ကြေးချွတ်ပစ်ခြင်း၊ ဗီတာမင် ဖြည့်စွက်စာတွေ၊ အနှိပ်ကုထုံး၊ အပ်စိုက်ကုထုံး၊ အခိုင်အမာ အဆိုပြုခြင်းနည်း၊ ချက္ကရာအလုပ်နဲ့ မိမိကိုယ်မိမိ ချစ်ခြင်းနည်းတွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews