6000.00 MMK
Author:
မာဆိုး
ID: #1113
Pages:
"ကဗျာဓာတ်ဆိုတာ ကာရန်ထဲမှာ ပုန်းခိုနေတဲ့အရာ မဟုတ်ဘူး။ ရစ်သမ်ထဲမှာ၊ စကားလုံးထဲမှာ ပုန်းခိုနေတာလည်းမဟုတ်ဘူး။ ရင်ထဲမှာ တုန်ခါလာတဲ့ ခံစားမှု ပီတိအစဉ်ကို ကာရန်တွေ၊ ရစ်သမ်တွေ၊ နိမိတ်ပုံတွေ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့အရာ တစ်ခုပါ" "တချို့ ကဗျာတွေက ငှက်ကလေးတစ်ကောင် သီချင်းဆိုသွားသလို အသံ သာပြီး ခံစားမှု မပါဘူး။ တချို့ကဗျာတွေကျတော့ ဘုန်းတော်ကြီးတစ်ပါး တရားဟောနေသလို အဘိဓမ္မာနွံနစ်ပြီး ကဗျာ ဖြစ်မလာဘူး" - "ခေတ်ပြိုင်ဘဝတွေကို ဖြတ်သန်းရင်း ကဗျာဆရာလုပ်မယ့်လူတစ်ယောက်ဟာ ကဗျာရေးနည်း ဥပဒေသကို နောက်မှ လေ့လာပြီး ကဗျာဆရာတစ်ယောက် ဘယ်လို လမ်းလျှောက်ရမယ်ဆိုတာကို ပထမဆုံး သင်ယူဖို့ လိုလိမ့်မယ်။ အမှတ်တမဲ့ လက်ဖက်ရည်ဆိုင် အထိုင်မှားမိလို့ တစ်ဘဝလုံးလွဲချော်သွားခဲ့ကြရတဲ့ ကဗျာဆရာတွေရဲ့ ပုံပြင်တွေ ကျွန်တော့်မှာ အများကြီး ရှိလှသပေါ့" (ပိုင်စိုးဝေ)