8000.00 MMK
Author:
ဆွေရည်လင်း
ID: #1125
Pages: 135
- ကဗျာဆရာဟာ သူ့ကဗျာတွေကို ကောင်းကင်ပေါ်လွှင့်တင်နေချင်ခဲ့သူပါ - ကြယ်သစ်တစင်းကို တွေ့ကောင်း တွေ့နိုင်မယ်လို့လည်း မဝံ့မရဲ မျှော်လင့်နေခဲ့သူပါ အဲဒီ ကြယ်သစ်တစင်းကိုတောင် သူ့ကဗျာတပုဒ်ရဲ့ နာမည်ကလေး ပေးလိုက်ဦးမှာလို့လည်း မောက်မာခဲ့ဘူးပါတယ် - ပြီးတော့လည်း ကြွေကျလာခဲ့တဲ့ ဥက္ကာခဲလေးတွေကို သူ့ကဗျာ အပိုင်းအစများအဖြစ် ကြေကွဲစွာ ကောက်ယူစုဆောင်းခဲ့သူတယောက်လည်း ဖြစ်ခဲ့ပါတယ် - တိတ်ဆိတ်သူ ကဗျာဆရာဟာ တွေးတောသူ ကဗျာဆရာတယောက်ပါ (ကိုသန်းထွန်း အမှာမှ - ) "လောကဟာ အရိပ်အယောင်ဆိုလည်း ကျွန်တော်တို့ နေထိုင်ရမှာပဲ ဘဝဟာ အမှားအယွင်းတွေဆိုလည်း ဘဝဟာ ကျော်ပစ်လို့ မရတဲ့ စာမျက်နှာ ကျွန်တော်တို့ ဆက်ရှင်သန်ရမှာပဲ ဒါဟာ တရားဆိုလည်း ဒါဟာ ကျွန်တော်ရနိုင်သမျှပါပဲ။ ကိုသန်းထွန်းအမှာစာ...မှ နှလုံးသွေးစက်များ ပန်းပွင့်ဖြစ်စေ မျက်ရည်ပွင့်များ ပုလဲဖြစ်စေ သက်ငင်ရှိုက်သံ တေးသံဖြစ်စေ လွင့်မျောဝိညာဉ် ကဗျာဖြစ်စေ ချစ်ခြင်းသစ္စာ ထုဆစ်ကျန်ရစ်စေ" - ဆွေရည်လင်း