Cart

အရပ်တစ်ပါးမှ ဝတ္ထုများ ၂

13000.00 MMK

Author: မြင့်သန်း
ID: #1159 Pages: 320

- အရပ်တစ်ပါးမှ ဝတ္ထုများမှာ ဘာသာပြန်လည်း မဟုတ်၊ မှီးခြင်းလည်းမဟုတ်။ ကျွန်တော်၏ ပင်ကိုရေးများသာ ဖြစ်သည်။ - နေ့စဉ်ဘဝအတွင်းမှ ပေါက်ပွားလာခဲ့ခြင်းများသာ ဖြစ်ပါသည်။ အတွေ့ အကြုံများတွင်အခြေခံသည်ဟု ဆိုလိုသော် ဆိုလိုနိုင်ပါသည်။ - တရုတ် ကဗျာဆရာကြီး ဂေါ်မောရော် ပြောခဲ့သည်ကဲ့သို့ "ဘဝဆိုတာက စာပေနဲ့ လုံးလုံးကြီးကွာတာ မဟုတ်ဘူး။ ဘဝဟာ စာပေရဲ့ အနှစ်သာရပဲ" ဟု ဆိုသည့်သဘောဟု ဆိုချင်သည်။ - 'အရပ်တစ်ပါး' ဟု ဝိသေသပြုထားရခြင်းမှာ အရပ် တစ်ပါးတွင် အခြေခံထားခြင်းကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ‘နယ်ဘက် ကျေးဘက်' ဟူသော စကားလုံး/ စာလုံးကို နယ်ဘက်ကျေးဘက်က ဝတ္ထုများတွင် သုံးနှုန်းသည်ကဲ့သို့သာ ဖြစ်သည်။ (မြင့်သန်း)

အဆင့်နှင့်မှတ်ချက်များ

User reviews