6500.00 MMK
Author:
အီမီဆို
ID: #1177
Pages: 160
- ကိုယ်ပီသစွာ ရှင်သန်တယ်ဆိုတာ ကိုယ့်ရဲ့ စံသတ်မှတ်ချက်ကို ထိန်းသိမ်းထားနိုင်တာပါပဲ။ - ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ ဘာကို လိုချင်တာလဲ၊ ဘယ်သူ့ကို ချစ်တာလဲ၊ ဘာအလုပ်ကို လုပ်တာလဲ ဘာကြောင့် ရှင်သန်နေတာလဲဆိုတာတွေကို နားလည်သိရှိနေတာမျိုးပါ။ - ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ သိဖို့ လိုအပ်ပေမယ့် ကိုယ့်ရဲ့ ရှိရင်းစွဲပုံစံတွေထဲက တစ်ခုခုကို ပြောင်းလဲပစ်လိုက်ဖို့ထိတော့ မလိုပါဘူး။ - “ငါ” ဆိုတဲ့ ပုံစံခွက်ထဲမှာ အတင်းလှောင်ပိတ်ထားပြီး တစ်ခုခုလေး လွဲချော်သွားတာနဲ့လည်း ကိုယ့်ပုံစံမဟုတ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မလိုပါဘူး။ - စိတ်အေးချမ်းမှူကို ခံစားရတဲ့ အခိုက်အတန့်၊ တစ်ခါတလေ အဆင်မပြေမှုတွေရှိနိုင်တဲ့ အခိုက်အတန့်၊ အခြေအနေအရ တစ်ခုခုကို လက်လျှော့လိုက်ရတဲ့ အခိုက်အတန့်၊ တစ်ဖက်သားဆီမှာ ကိုယ့်ရဲ့ပုံစံအသစ်ကို ပြရမယ့် အခိုက်အတန့် စတဲ့ အခြေအနေအမျိုးမျိုးထဲက ကိုယ်ဟာလည်း ကိုယ့်ပုံစံပါပဲ။ - အခြေအနေအလိုက် အသွင်အပြင်မျိုးစုံနဲ့ ကိုယ့်ပုံစံကို ကိုယ်တိုင် လက်ခံသွားနိုင်ဖို့က ကိုယ် ပီပီသသနဲ့ ရှင်သန်သွားမယ့်လမ်းကို ဦးတည်တဲ့ ပထမဆုံးလမ်း ဖြစ်ပါတယ်။ (စာရိပ်မြိုင်)