10000.00 MMK
Author:
လင်းရောင်နီ(စဘေ)
ID: #1222
Pages: 184
"ကျေးတောသူ" ဟု အမည်ပေးထားရခြင်းသည်ကား ကျေးလက်နေ မိန်းမပျိုကလေး တစ်ဦးတစ်ယောက်ကိုသာ ရည်ရွယ်လိုသည် မဟုတ်ပါ။ ရှေးခေတ် ကျေးလက်၏ ကျေးတောသူ ကျေးတောသားများ အားလုံးကို ရည်ညွှန်းပုံဖော်လိုခြင်းသာ ဖြစ်ပါသည်" - ကျေးလက်နေ ကျောမွဲလူတန်းစားတို့ရဲ့ လှုပ်ရှားမှု၊ ရုန်းကန်မှုတို့ကို တွေ့မြင်ရမှာဖြစ်သလို ခေတ်တစ်ခေတ်ရဲ့ ကျေးလက်ဟန် ကျေးလက်အသံတွေကိုလည်း အထိုက်အလျောက် ကြားရပါမယ်။ - ရပ်ဓလေ့ ရွာဓလေ့နဲ့ တွဲဖက်ပြီး စိတ်သဘောထား ရိုးစင်းလှတဲ့၊ အပြောအဆို ပွင့်လင်းလှတဲ့၊ သံယောဇဉ်ကြီးတတ်ကြတဲ့၊ မေတ္တာတရား ကြီးမားကြတဲ့ အညာသူအညာသားကြီးတို့အကြောင်းကိုလည်း သက်ဝင် ခံစားကြရပါမယ်။ - ဒီစာအုပ်က အညာအကြောင်း ရွာအကြောင်း၊ တစ်နည်းဆိုရရင် အညာဓလေ့ ရွာဓလေ့အကြောင်း ဖတ်ရှုရမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။