Cart

သုခဘုံသို့သွားရာလမ်း

7500.00 MMK

Author: နေထွန်းလင်း
ID: #1242 Pages:

"တစ်ခုခုကို အသည်းအသန်လိုက်နေပြီ ဆိုတာနဲ့ အဲဒီတစ်ခုကိုပဲ မြင်တော့တယ်။ အဲဒါက ဆုလာဘ် ဆိုလည်း ဟုတ်တယ်။ ကျိန်စာဆိုလည်းဟုတ်တယ်။ တစ်ဖက်မှာ မင်းရောက်ချင်တဲ့နေရာကိုသွားနိုင်မယ့် အမြန်ဆုံးလမ်း ဖြစ်သွားမယ်။ အနှောင့်အယှက်တွေကို ဂရုမစိုက်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်တယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်လည်း ဖြစ်နိုင်သေးတယ်။ ဒီလိုအမြင်ရဲ့ မကောင်းတဲ့ အချက်က မင်းဘေးက အရာတိုင်းကို မမြင်နိုင်တော့ဘူး။ မင်းလိုချင်နေတဲ့ အရာတစ်ခုထက် ဘဝဆိုတာ အများကြီး ပိုပါတယ်" "ဘဝပန်းတိုင်ဆိုတာ လောဘတက်လွန်းရင် တစ်ခါတစ်ရံမှာ ထောင်ချောက်အဖြစ်ကို ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးလိုက်တာနဲ့တစ်ပြိုင်နက် မှန်ကန်တဲ့နည်းလမ်းကနေသွားရင် စစ်မှန်တဲ့အောင်မြင်မှုဖြစ်လာမယ်ဆိုတာကို မြင်အောင် မီးထိုး ပြသလိုက်တာပါပဲ" - ကမ္ဘာကျော် ဘီလီယံနာ ရပ်(ပ်)အဆိုတော် Rick Ross ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကနေ ပေါက်ဖွားဆင်းသက်လာတဲ့ အောင်မြင်ရေးနည်းလမ်း အယူအဆတချို့ ဖြစ်ပါတယ်။ - "မင်းရဲ့ ရင်ကို ထိခိုက်နစ်နာစေတဲ့ စကားလုံးတွေ သုံးထားပေမဲ့ အမှန်တွေချည်းပဲ ဆိုတာကို လက်ခံနိုင်မယ်ဆိုရင် သူ့စကားတွေကို နားထောင်ကြည့်သင့်တယ်။ သူ့စာကို ဖတ်ကြည့်သင့်တယ်။ အောက်ဆုံးထိ ပြုတ်ကျ ထိုးဆင်းသွားနိုင်တဲ့ အခြေအနေကနေ ကမ္ဘာ့ထိပ်ဖျားထိ တက်လာနိုင်ခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ" လို့ ဆိုထားတဲ့ ဒီစာအုပ်က​နေ ခွန်အား​ပေးမယ့်စကား​တွေ ရရှိပါလိမ့်မယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews