6000.00 MMK
Author:
နေထွန်းလင်း
ID: #964
Pages: 147
တင်းကျပ်တဲ့ ဂုဏ်သိက္ခာဆိုင်ရာ အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာတဲ့ တန်ဒိုက မိသားစုအိမ်ကိုလာလေ့ရှိတဲ့ တက်တူးထိုးထားတဲ့ ယောကျ်ားတွေရဲ့ အလိုလိုက်တာကိုရော ဆူပူတာကိုပါ ခံရပါတယ်။ အဲဒါကို တုံ့ပြန်ရင်း သူက ဂိုဏ်းတစ်ခုထဲ ဝင်လိုက်တယ်။ ဆေးသုံးတယ်၊ ဂိုဏ်းစတားတွေရဲ့ရည်းစားဖြစ်လာတယ်။ အရိုက်အနှက်ခံရ၊ ဆေးလွန်ပြီး သေလုမြောပါးဖြစ်ပြီးမှသာ သူက သူ့ဘဝကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တော့တယ်။ (Reuters) - ရှုပ်ထွေးလှတဲ့ ခံစားချက်ပေါင်းများစွာနဲ့ နှလုံးသားကို ဆွဲလှုပ်နိုင်တဲ့ ဒီစာအုပ်ကို ဂျပန်လူမှုအဖွဲ့အစည်းကို ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်နားလည်ဖို့ အားထုတ်နေသူတိုင်း ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (Publishers Weekly) - တန်ဒို . . . သူ့ရဲ့နိုင်ငံသားတွေ မရှင်သန်နိုင်တဲ့ ဂျပန်လူမှုအဖွဲ့အစည်းတစ်ခုကနေ ဖွားမြင်ခဲ့တယ်။ သူ့ရဲ့ဇာတ်လမ်းက ခေတ်သစ်ဂျပန်ရဲ့ လူသိနည်းတဲ့ အမှောင်ကမ္ဘာငယ်လေးတစ်ခုကို မီးမောင်းထိုးပြနေတယ်။ (The Guardian) - ဒီစာအုပ်က ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သမီးဖြစ်သူ Shoko Tendo ကိုယ်တိုင် ရေးသားထားတဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။