9000.00 MMK
Author:
နေထွန်းလင်း
ID: #1389
Pages: 140
"ပျော်ရွှင်သောငွေဆိုတာ ပျော်ရွှင်မှုနဲ့ ကြွယ်ဝမှုကို ပြိုင်တူတွေ့ကြုံခံစားလို့ရမယ့် နည်းလမ်းတွေကို ရှာဖွေဖို့အတွက် အမြန်ဆုံး လမ်းကြောင်းပါပဲ။ _Marci Shimoff "ပျော်ရွှင်သောငွေဆိုတဲ့ စာအုပ်က မိတ်ဆွေရဲ့ဘဝကို ပြောင်းလဲပေးပါလိမ့်မယ်။ အကြောင်းကတော့ ဒီစာအုပ်က မိတ်ဆွေရဲ့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ၊ စွမ်းအင်နဲ့ ကိုယ်ပိုင်သိမှုအပေါ် ရှုမြင်ပုံတွေနဲ့ သက်ဆိုင်နေလို့ပါပဲ။ ဒါကို ပြောင်းလဲလိုက်တာနဲ့ ငွေကြေးက မိတ်ဆွေထံ စီးဝင်လာပါလိမ့်မယ်” _Kute Blackson - ken honda ရဲ့ Happy Money ကို မြန်မာပြန်ဆိုထားတာဖြစ်ပါတယ်။ - Ken Honda ဟာ ဂျပန်နိုင်ငံမှာ အလွန်လူသိများပြီး ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ ငွေကြေးဆရာတစ်ဦး ဖြစ်ပါတယ်။ - သူ့ကို ချစ်ခင်စွာနဲ့ “Zen Millionaire” နဲ့ “Happy Panda” လို့လည်း ခေါ်ကြပါတယ်။ နှစ် ၃၀ ကျော်ကြာ သူ့ရဲ့ အတွေ့အကြုံတွေအပေါ်အခြေခံပြီး သူ ရေးသားခဲ့တဲ့ စာအုပ် ၁၂၀ ကျော်အနက်မှ “Happy Money” (ပျော်ရွှင်သောငွေ) အမည်ရတဲ့ ယခုစာအုပ်ဟာ နိုင်ငံတကာအဆင့် ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - ဘာသာစကား ၁၅ မျိုးအထိ ဘာသာပြန်ထုတ်ဝေထားပါတယ်။