13500.00 MMK
Author:
စုမြတ်ချစ်
ID: #1248
Pages: 304
- ဂျပန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်တွေထဲ ပါဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - "ကြောင်တစ်ကောင်နဲ့ သုံးရက်လောက် အတူနေလိုက်ရုံနဲ့ ဘဝကို ပြောင်းလဲစေနိုင်လား။ - ဘဝမှာ အဆင်မပြေမှုတွေ ကြုံပြီး ဒုက္ခသုက္ခတွေ ခါးစည်းခံနေရချိန်မှာ စိတ်ချမ်းမြေ့မလားဆိုပြီး အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင် မွေးချင်လာတယ်။ ဒါပေမဲ့ ကိုယ်နဲ့ အဆင်ပြေ မပြေ ဆိုတာ သိရအောင်လို့ ကြောင်ကလေးတစ်ကောင်ကို သုံးရက်တာ မွေးခွင့်ရမယ်ဆိုရင် ဘယ်လိုသဘောရလဲ။ ကြောင်တစ်ကောင်နဲ့ သုံးရက်တာ အချိန်ကုန်လွန်တာဟာ တကယ်ပဲ ဘဝကို ပြောင်းလဲစေနိုင်ပါ့မလား။ - ဇာတ်လမ်းတို ခုနစ်ပုဒ်မှာ ရုန်းကန်ရမှု အမျိုးမျိုး၊ စိတ်နေသဘောထား အထွေထွေနဲ့ လူခုနစ်ယောက်ရယ် ကြောင်ကလေး ခုနစ်ကောင်ရယ်။ သုံးရက်တာ အချိန်ကာလကို သူတို့တွေ ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ရဲ့လား။ ဘဝရဲ့ စိန်ခေါ်မှု၊ လောကဓံတရားကို ကြောင်တစ်ကောင်က ဖြေရှင်းပေးနိုင်ပါ့မလား။ - ဇာတ်လမ်း တစ်ပုဒ်ချင်းစီမှာ အဓိကဇာတ်ကောင်ဟာ ကြောင် မွေးချင်စိတ် ဖြစ်လာပေမဲ့ တကယ်တမ်း သုံးရက်လောက် အတူ ရှိဖြစ်တဲ့အခါ သူတို့ကိုယ်စီရဲ့ အတ္တ၊ အမှောင်ခြမ်း၊ တစ်ကိုယ်ကောင်းဆန်မှုတွေ ဖုံးမနိုင် ဖိမရ ထွက်ပေါ်လာကြတယ်။ - ကြောင်နဲ့ ပတ်သက်တဲ့ ဝတ္ထုဆိုပေမဲ့ လူတွေရဲ့ ပူပင်ကြောင့်ကြမှု၊ အမှောင်ခြမ်းကို သိသိသာသာ လှစ်ဟပြထားပြီး စာဖတ်သူကို အတွေးနယ်ချဲ့စေတဲ့ စာအုပ်တစ်အုပ်ပါ။ ဒါကြောင့် သင်ဟာ ကြောင်ချစ်သူ မဟုတ်ရင်တောင် လူ့သဘော၊ လူ့မနောကို သိစေတဲ့ ဒီစာအုပ်လေးကို မြည်းစမ်းကြည့်သင့်ပါတယ်" (စာရိပ်မြိုင်)