Cart

အနာ

8000.00 MMK

Author: ဝါနုသော်
ID: #1270 Pages: 192

"ကူးက ဘယ်သူ့ကိုမှ ဆွဲခေါ်ထားသူ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ တဖွဲ့ဖွဲ့နဲ့ ရောက်လာကြတယ်။ ပြီးရင်လေ ကူးကို စွပ်စွဲကြသေးတယ်။ ကူးက နေလိုပူတဲ့ မိန်းမပဲတဲ့။ ကူးဘာသာကူး ရပ်နေတာပဲလေ။ ကြည့်မိတဲ့သူက စူးမယ်။ ပြီးရင် မျက်လုံးကို စုံမှတ်ပြီး စူးလိုက်တဲ့ နေရယ်လို့ စွပ်စွဲခံရသလိုမျိုးပဲ ။ အချို့ကလည်း ဆိုကြသေးတယ်။ မိန်းမရွှင် ပညာသည် မိကူးတဲ့" ရထားသံလမ်းဘေးက မိန်းကလေးတစ်ယောက်။ အဲဒီတုန်းက ကျွန်တော်က လူပျိုပေါက်အရွယ်။ သူနဲ့ဆုံဖူးတာက ည၉ နာရီအချိန်လောက်ထင်တယ်။ သီတင်းကျွတ်လပြည့်နေ့ပါ။ကလေးတစ်ယောက်ကို လက်ဆွဲပြီး သံလမ်းမှာလမ်းလျှောက်နေတဲ့ သူ့ကို သတိထားမိခဲ့တယ်။ နောက် ကျွန်တော်ဟာ သူနဲ့ရင်းနှိီးလာ။ သူက ဘဝအတွေ့အကြုံများစွာကို ဖြတ်သန်းဖူးတဲ့ မိန်းကလေး။ အင်မတန် သိမ်မွေ့ပြီး နားလည်ရခက်တဲ့ မိန်းကလေးပါ။ တစ်ခါတစ်ရံ ကျွန်တော့်ကို လှောင်တယ်။ သူ အတည်ပြောနေတာလား၊ တမင်ပြောနေတာလား ကျွန်တော်မမှန်းတတ်။ ဆိုပါစို့၊ တစ်ခါတလေမှာ သနားချင်အောင်ပြောတယ်။ ကျွန်တော်က စိတ်ဝင်တစား နားထောင်ပြီး သူစိတ်ပြေအောင် တစ်ခုခုအစပျိုးမိပြီဆိုရင် သူကရယ်တယ်။ သူ့အမူအရာတွေကို အခြေပြုပြီး ဒီစာအုပ်ကို ရေးဖြစ်တာပါ။ (စာရိပ်မြိုင်)

အဆင့်နှင့်မှတ်ချက်များ

User reviews