14500.00 MMK
Author:
လူသာ
ID: #1294
Pages: 240
"ဘဝကြီးက အစိုးမရနိုင်ပါဘူး၊ ထိန်းချုပ်ရခက်ပါတယ်။ ဒါပေမဲ့ ထိန်းချုပ်လို့ ရနိုင်သေးတာက ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့ခံယူချက်ပါ" - လက်တွေ့ဘဝအတွက် သိပ်ပြီး အကျိုးရှိတဲ့ ဘဝသင်ခန်းစာအချို့ကို လေ့လာနိုင်မယ့် စာအုပ် . . . - တစိမ့်စိမ့်တွေးလေလေ စိတ်ခွန်အားတွေ တစတစ တိုးလေလေ ဖြစ်စေနိုင်မယ့်စာအုပ် . . . - စိတ်ပင်ပန်းမှုတွေကို သက်သာစေနိုင်မယ့် စိတ်ခွန်အားဖြည့် စာအုပ် . . . - လိုတိုရှင်း ဆိုလိုရင်းကိုပဲ တဲ့တိုးရှင်းပြ မျှဝေထားတဲ့ ပေါ့ပေါ့ပါးပါး စာအုပ် . . . တစ်ထိုင်တည်း အများကြီး ဖတ်စရာမလိုဘဲ နည်းနည်းချင်းစီ ဖဲ့ယူနိုင်မယ့် စာအုပ် . . . ရှေးတုန်းက အတွေးအခေါ်တွေကို ခေတ်အမီဆုံး ရှုထောင့်တွေနဲ့ ဘဝလမ်းညွှန်တွေရနိုင်မယ့် စာအုပ် . . . - ဝန်ထမ်းဘဝကနေ ရုန်းထွက်ပြီး ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝကိုယ်ကြောင်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝပေးအသိအမြင်တွေကို ခံစားနိုင်မယ့် စာအုပ် - အရေးမပါတဲ့အရာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ခေတ်ကြီးမှာ ကိုယ့်အတွက် အရေးပါတာကိုပဲ အာရုံစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အပူအပင်ကင်းကင်း ကြောင့်ကြမှုမရှိဘဲ စိတ်အေးလက်အေး လုပ်သွားနိုင်ဖို့ သိထားသင့်တဲ့ အကြောင်းအရာတွေကို တစ်ဝကြီး လေ့လာနိုင်မယ့် စာအုပ် ဖြစ်ပါတယ်။