Cart

အမှောင်ထုထဲသို့ တံခါးပေါက်

6500.00 MMK

Author: ထက်ဘုန်းရှိန်
ID: #1308 Pages: 128

- စာပေနိုဘယ်ဆု ရရှိခဲ့တဲ့ ရှေးမက်စ်ဟာ လယ်သမားမျိုးရိုးက ဆင်းသက်လာပြီး ဒီစာအုပ်ထဲက သူ့ကဗျာတွေမှာ သူ့ဒေသရဲ့ အငွေ့အသက်တွေ ပြည့်နှက်နေသလို ခေတ်ရဲ့ဝန်းကျင်၊ သမိုင်းရဲ့ ကာလစဉ်တွေမှာ နေထိုင်ခဲ့တဲ့ နောက်ခံရနံ့တွေနဲ့ ထုံလွှမ်းနေပါတယ်။ - ယဉ်ကျေးမှုအငွေ့ အသက်၊ ဒေသထုံးဓလေ့နဲ့ လူမျိုးနောက်ခံ ဆိုတာထက် သူ မြင်ရတဲ့၊ သူ ခံစားရတဲ့၊ သူ လေ့ကျက်မိတဲ့ သူ့လို၊ သူ့နားက၊ သူ အာရုံ တို့ထိမိရာ လူတွေရဲ့ ထိုထိုသို့သော ကိုယ်နဲ့ စိတ် သရုပ် သကန်တွေကို ပြကွက်တွေ၊ ပုံရိပ်တွေ ဖမ်းဆုပ်တင်ပြခဲ့တယ်လို့ ဒီကဗျာတွေနဲ့ ပုဂ္ဂလ စိတ်အာရုံ ချိတ်မိခဲ့တယ်။ - ဒီစာအုပ်ထဲမှာ ကဗျာအပုဒ်ရေ ၂၈ ပုဒ်ကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာနဲ့ မြင်တွေ့ရမှာပါ။ မုယောစပါးတွေနဲ့ ပြည့်နေတဲ့ ငါတို့ရဲ့ ကုတ်အင်္ကျီထည်ထည်ကြီးတွေနဲ့ အိတ်ကပ်တွေ ပြေးလမ်းပေါ်မှာ မီးဖိုချောင်မရှိ၊ သပိတ်စခန်းမရှိ ငါတို့နိုင်ငံကို မြန်မြန်နဲ့ ရုတ်ချည်း ငါတို့ ပြောင်းရွှေ့ခဲ့ကြ။ ဘရင်ဂျီဘုန်းတော်ကြီးဟာ ရေမြောင်းတွေနောက်မှာ အလေအလွင့်တစ်ယောက်နဲ့ လှဲနေခဲ့ပေါ့။ ခဲခက်ခက် ချီတက်ခဲ့သူတစ်ယောက် - ခြေလျင်ခရီးလမ်းအတိုင်း ပရိယာယ်သစ်တွေကို နေ့စဥ်နဲ့အမျှ ငါတို့တွေ့ခဲ့ရ ငါတို့ဟာ မြင်းစီးသူနဲ့ ဇက်ကြိုးတွေတစ်လျှောက် သစ်ရိုးတပ် လှံရှည်နဲ့ ဖြတ်ချ ပြီး ကျွဲနွားတွေကို ခြေလျင်တပ်ထဲ လှန့်သွင်း နောက် မြင်းတပ်ချရာ ချုံတန်းတစ်လျှောက် ဆုတ်ခွာလာလိမ့် ဗင်နီဂါတောင်ကုန်းပေါ်က ကပ်စိုက်စေမဲ့ လျှို့ဝှက်စည်းဝေးပွဲအထိပေါ့။ အမြှောက်ကြောင့် မြက်ယမ်းဓားရှည်တွေ လှုပ်ခါသွားရင်း တိုက်တန်းထောင်ချီ ချုပ်ငြိမ်းသွားမဲ့ တောင်ခါးပန်းဟာ နီဖျော့၊ ငါတို့ရဲ့ ပြိုကွဲလှိုင်းလုံးထဲမှာ စိုစိုစွတ်။ အလောင်းဖုံးစ ဒါမှမဟုတ် ခေါင်းတလားမပါဘဲ ငါတို့ကို သူတို့ မြှုပ်နှံခဲ့ကြ ပြီး သြဂုတ်လမှာတော့ မုယောပင်ဟာ သင်္ချိုင်းမြေကနေ ပေါက်ရောက်လာခဲ့ကြပေါ့။

အဆင့်နှင့်မှတ်ချက်များ

User reviews