Cart

အိပ်မက်တွေ တပွေ့တပိုက်နဲ့လူငယ်

7500.00 MMK

Author: ကောင်းပြည့်ဖြိုး
ID: #1344 Pages:

- လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ထားရှိတဲ့ အိပ်မက်တွေ အမှန်တကယ် လက်တွေ့ဖြစ်လာဖို့ဆိုတာဟာ လူတိုင်း မျှော်လင့်ကြတဲ့ အရာပါ။ - နေ့စဉ်တာဝန်ဝတ္တရားတွေနဲ့ အမြဲဝန်ပိ နေတတ်တဲ့ ယနေ့ခေတ်ရဲ့ လူသားတွေဟာ အလုပ်ရဲ့ကျေးကျွန်တွေ ဖြစ်မှန်းမသိ ဖြစ်လာနေတယ် ဆိုတာကို လက်မခံချင်လည်း လက်ခံကြရမှာပါ။ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် မှာသာ အလေးထားနေထိုင်လိုတဲ့ခေတ် မဟုတ်လား။ - ဒီလိုခေတ်အခြေအနေမျိုးမှာ နေထိုင်ရတဲ့ လူငယ်တွေအနေနဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒပေါင်းများစွာ၊ အိပ်မက်များစွာ ကိုယ်စီ ရှိကြမှာပါ။ - ကိုယ့်ရဲ့ လက်ရှိအနေအထားကနေ ပိုမို ကောင်းမွန်တဲ့ Next Level တစ်ခုရောက် အောင် စဉ်ဆက်မပြတ် အမြဲတွေးတော ကြံဆပြီး လက်တွေ့ လုပ်ဆောင်နေတဲ့ လူငယ်တွေဆိုတာ ဒီနေ့ခေတ်မှာ ဒုနဲ့ဒေးပါ။ - ဒီလိုလူငယ်လေးတွေအတွက် ရည်ရွယ်ပြီးတော့ အခုစာအုပ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ လူငယ်တွေအနေနဲ့ သူတို့ရဲ့ အရည်အချင်းတွေ အပေါ်မှာ ယုံကြည်စိတ်ရှိဖို့၊ သူတို့ရဲ့ အမြင်တွေကို အားသစ် လောင်းနိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်။ - ဘာတွေလုပ်ရင်တော့ဖြင့် သင့်အိပ်မက်တွေကို ဘယ်လို ဖမ်းဆုပ်နိုင်ပါမယ်ဆိုပြီး ရေးသားထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရာ အိပ်မက်တွေနောက် ပြေးလိုက်ရင်း ကြုံတွေ့ရနိုင်တဲ့ လမ်းပိုင်းအခြေအနေတွေကို တင်ပြထားခြင်း ဖြစ်ပါတယ်။ - အိပ်မက်တွေ တပွေ့တပိုက်နဲ့ လူငယ်တစ်ယောက်အတွက် Dream Streetပေါ်က လမ်းပိုင်အခြေအနေတွေကို သိမြင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ ပန်းတိုင်ထက် ခရီးစဉ်ကို အလေးပေးဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews