Cart

နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ

7000.00 MMK

Author: နိုင်းနိုင်းစနေ
ID: #1364 Pages: 120

- နေရှိရာဘက်ကို မျက်နှာမူပြီး ရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေး‌တစ်ပွင့်ကပြောတယ် ” အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့်၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက်၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ" တဲ့။ - ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး၊ တခြားသူရသွားလို့ ဖြစ်တယ်" နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ဘုန်းကြီးတစ်ပါးက ရှင်းပြခဲ့တယ်။ - "ဖြတ်သန်းရမယ့် နေရက်တွေက ရှည်လျားတယ်၊ အတူတူ ဆော့ကစားနိုင်မယ့်သူကို ရှာယူပါ" တဲ့။ အတူဆော့ကစားနိုင်မယ့်သူ ဆိုတဲ့ စာပိုဒ်လေး ဖတ်ပြီးသွားရင် အတူဆော့ကစား ပေးနိုင်မယ့်သူဟာ ရှားပါးတယ်ဆိုတာကို သင်သိသွားပါလိမ့်မယ်။ - ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ်။ နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့ …။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews