Cart

လွတ်လပ်သောဘဝ

9500.00 MMK

Author: ပိုင် (That's for U)
ID: #1383 Pages: 144

- ကျွန်တော့်ဘဝရဲ့ အများစုသောအချိန်တွေမှာ စိတ်ပူနေတတ်တယ်။ တချို့အချိန်တွေကျ ဇောတွေကပ်ပြီး လောနေတတ်တယ်။ တချို့အချိန်တွေကျ ဒေါသတွေထွက်ပြီး ပူလောင်နေတတ်သလို တချို့အချိန်တွေကျပြန်တော့လည်း သိမ်ငယ်ပြီး ဝမ်းနည်းပူဆွေးနေတတ်တယ်။ - အဲ့အချိန်တွေ ရှိခဲ့တဲ့ဘဝကိုတော့ "ထောင်ချောက်ထဲ ပိတ်မိနေတဲ့ ဘဝ" လို့ဆိုချင်ပါတယ်။ အဲဒီဘဝမှာနေရတာ သိပ်မွန်းကျပ်တယ်။ ဘဝတိုတိုလေးမှာ ကောင်းကောင်းမရှင်သန်ရဘဲ စိတ်တွေမျိုးစုံဖြစ်နေတယ်။ - ဒါပေမဲ့ ကျွန်တော်တွေ့ခဲ့ရတာက အဲဒီထောင်ချောက်ထဲကျနေတဲ့ဘဝကနေ လွတ်လပ်တဲ့ဘဝကိုပြောင်းဖို့ inner world ဆိုတဲ့ အတွင်းစိတ်ကို better mindset, better habit တွေအပြင် spiritual အလုပ်တွေသာမကဘဲ ဓမ္မအသိတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဘဝဟာ လွတ်လပ်တယ်ဆိုတာပဲ။ - ဒီစာအုပ်လေးထဲမှာ လွတ်လပ်တဲ့ဘဝဖြစ်စေမယ့် ဆောင်းပါးတွေပါဝင်သလို စာအုပ်လေးဖတ်ပြီးတဲ့အခါ လွတ်လပ်တဲ့ဘဝရရှိဖို့ နည်းလမ်းတွေ တွေ့လာမယ်ဆိုတာပဲ။ - တစ်ခုပြောနိုင်တာက လွတ်လပ်တဲ့ဘဝရရှိလာတဲ့အခါ ဘဝမှာ ပိုမိုပျော်ရွှင်လာပြီး ပစ္စုပ္ပန်မှာ ၁၀၀ရာခိုင်နှုန်းအပြည့် ရှင်သန်လာနိုင်မှာဖြစ်ပါတယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews