Cart

နေမျိုးနှင့် သူ၏ဆရာစကားပြောခြင်း

7500.00 MMK

Author: နေမျိုး
ID: #1401 Pages: 128

- ကျွန်တော် ဒီစာအုပ်ကလေး ရေးဖြစ်ပုံကို ပြောပြလိုပါတယ်။ ကဗျာနဲ့ ကျွန်တော့်ရဲ့ဘဝကို ဖော်ပြလိုရင်းရှိပြီး အချီအချ စကားပြောဟန်ကို အဓိက အသုံးပြုထားပါတယ်။ - မူလစတင်ရေးခဲ့တာက Daily Eleven သတင်းစာမှာပါ။ ၁ ကနေ၂၀ ထိ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ဖော်ပြခြင်းမရှိခဲ့တဲ့ ကဗျာအချို့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုကြပုံတွေ တွေ့နိုင်မှာဖြစ်ပါတယ်။ - ကဗျာအကြောင်းကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာတွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ ကဗျာဟာ မွှမ်းရင်မွှမ်းသလောက်ကိန်းခန်းကြီးလှပါတယ်။ ချဲ့ရင်ချဲ့သလောက်နယ်ပယ်ကျယ်ဝန်းလှပါတယ်။ ချုံ့ရင် ချုံ့သလောက် အနှစ်ပြည့်ပါတယ်။ - ကဗျာကောင်းတစ်ပုဒ်နဲ့ မြိန်ယှက်ရတာ အရသာတွေ့ရတာကို အရိပ်အမြွက်ဖော်ပြနိုင်ခဲ့ပြီး ဒီစာအုပ်ရဲ့အနှစ်ချုပ်ကတော့ နေမျိုးတစ်ယောက် ကဗျာကိုဘရိတ်အုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ကဗျာနဲ့ ကဗျာဆိုင်ရာ အယူအဆတွေ၊ ကြံဆချက် အသစ်အဆန်းတွေဟာ အရှိန်အဟုန်နဲ့ ပြေးနေကြချိန်မှာ နေမျိုးက ကဗျာကို ဘရိတ်အုပ်လိုက်တာပါ။ - ခေတ်ပေါ်ကဗျာနေရာကလေးမှာ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ မြန်မာကဗျာ ဖြစ်ေပါ်ပြောင်းလဲမှုမှာ အသစ်ဖန်တီးမှုတွေကို မငြင်းပယ်ပါ၊ ကျွန်တော်ချစ်တဲ့ ခေတ်ပေါ်ကဗျာနေရာကလေးမှာပဲ ဘရိတ်အုပ်လိုက်တာဖြစ်ပါတယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews