Cart

လူ့သဘာဝနှင့် စိတ်ပညာ

6000.00 MMK

Author: ခင်မောင်သန်း (စိတ်ပညာ)
ID: #1404 Pages: 305

- စိတ်ဆိုသည်မှာ လွန်စွာဆန်းကြယ်လှသည်။ အကောင်အထည်မရှိ၊ ဒြပ်မရှိ၊ ထိတွေ့မရသော ထိုစိတ်က ရုပ်ခန္ဓာကြီးကို လွှမ်းမိုးနိုင်သည်။ - ကမ္ဘာနှင့် လောကပတ်ဝန်းကျင်အကြောင်း လေ့လာကြရာတွင် အတော်အသင့်နားလည်ခဲ့ကြသော်လည်း လူသားတို့နှင့် အနီးကပ်ဆုံးတည်ရှိနေသည့် လူ့စိတ်ကိုကား ကောင်းကောင်းမသိကြသေးပေ။ လေ့လာမဆုံး ဖြစ်နေကြသေးသည်။ - ယခု စုစည်းထုတ်ဝေလိုက်သည့် ဆောင်းပါးများမှာ သိပ္ပံနည်းကျလေ့လာထားသည့် သုတေသနများမှ ထုတ်နုတ်တင်ပြထားခြင်းဖြစ်သည်။ - ဤစာအုပ်၌ လူ့သဘာဝ၊ ရှက်တတ်ခြင်း၏ သဘောသဘာဝ၊ အင်္ဂါရုပ်ဖတ်ပညာ၊ မိဘမေတ္တာ၊ ဘာလို့ အိပ်မက် မက်သလဲ၊ သေဒဏ်ပေးခြင်း ပြဿနာ၊ ရယ်မောခြင်းနှင့် စိတ်ကျန်းမာမှု၊ အိပ်မပျော်သောညများ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနှင့်၊ရုပ်ဝေဒနာနှင့် စိတ်အခြေအနေ၊ အထူးအာရုံသိမှု၊ အနုပညာဖန်တီးနိုင်မှုနှင့် ချွတ်ယွင်းနေသော စိတ်အခြေအနေ စသည့် ခေါင်းစဉ်များနှင့် စိတ်ဝင်စားဖွယ် ရှင်းလင်းတင်ပြထားပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews