Cart

ကုစားခြင်းနှင့် ရှေ့ဆက်ခြင်း

9000.00 MMK

Author: စူးရှမေ
ID: #1406 Pages: 118

- ဂျပန်လူမျိုးတွေရဲ့ အနုပညာတစ်ခုဖြစ်တဲ့ Kintsugi ဆိုတဲ့ Concept လေးနဲ့ ဖန်တီးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။ - Kintsugi ဆိုတာ သုံးနေကျဖန်ခွက်လေးတွေ ပန်းအိုးလေးတွေ ကျကွဲသွားတဲ့အခါ လွှင့်မပစ်ဘဲ ရွှေနဲ့ပြန်ဆက်ပြီး ပြုပြင်တဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ အက်ကွဲကြောင်းလေးတွေကို ဖုံးကွယ်မထားဘဲနဲ့ ကွဲအက်ခြင်းရဲ့ သမိုင်းကြောင်းကိုဖော်ပြပြီး ပိုမိုလှပစေပါတယ်လို့ ဆိုလိုပါတယ်။ ဒီတော့. . . Kintsugi ရဲ့အဓိပ္ပာယ်က ဒဏ်ရာတွေကို အလှတရားအဖြစ်ပြောင်းလဲခြင်းပါပဲ။ - ကျွန်မတို့ရဲ့ ဘဝတွေမှာလည်း ဖန်ခွက်လေးတွေလို အကြိမ်ကြိမ်အခါခါ ကျကွဲခဲ့ဖူးပါတယ်။ စိတ်ရောကိုယ်ပါ ကျိုးကြေပျက်စီးခဲ့ဖူးတယ်။ အိပ်မက်တွေလည်း ကျကွဲခဲ့ဖူးမှာပဲ။ အသည်းတွေလည်း ကွဲဖူးတယ်။ ငွေကြေးတွေလည်း ဆုံးရှုံးဖူးသလို ကိုယ်တိုင်ချခွဲခဲ့ရတဲ့ အနာဂတ်တွေလည်း ရှိဖူးပါတယ်။ - ဒဏ်ရာတိုင်းဟာ သင်ခန်းစာပါ။ နာကျင်မှုတိုင်းဟာ ကျွန်မတို့ ဘဝကို ဆက်လက်ကြီးပြင်းစေဖို့ သင်ခန်းစာတွေပါ။ - လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ စိတ်ဒဏ်ရာတွေ ရကြတယ်။ စိတ်ဒဏ်ရာတွေရတာဟာ ကိုယ့်ရဲ့ အပြစ်မဟုတ်ပေမဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ကတော့ မိမိရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဘဝမှာ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ သူတစ်ပါးကြောင့်ပဲ ဖြစ်ဖြစ် ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားပြီး ရှေ့ဆက်စရာ ရှိတာကို ရှေ့ဆက်နိုင်တာသည် အင်မတန်မှ သန်မာတဲ့ ရွေးချယ်မှုမျိုး ဖြစ်ပါတယ်။ - ဒီစာအုပ်လေးမှာတော့ ကျွန်မကိုယ်တိုင် စိတ်ဒဏ်ရာတွေကို ကုစားနေရင်း ရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စာအုပ်တစ်အုပ်အဖြစ် စုစည်းထားပါတယ်။ ကျွန်မရဲ့ စိတ်ဒဏ်ရာတွေအကြား မိမိကိုယ်မိမိ ပျောက်ဆုံးဆုံးရှုံးခဲ့မှုတွေ၊ ကုစားခြင်းတွေ၊ ရှေ့ဆက်ခြင်းနဲ့ပတ်သက်လို့ ကျွန်မရဲ့ ခံယူချက်၊ အတွေး၊ အမြင်လေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ _စူးရှမေ

အဆင့်နှင့်မှတ်ချက်များ

User reviews