7000.00 MMK
Author:
စူးရှမေ
ID: #1058
Pages: 136
- ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို ဘယ်လို ဖွင့်ဆိုကြပါသလဲ။ ရှင်သန်ခြင်းဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အပိုင်းအခြားတစ်ခုပါပဲ။ - ရှင်သန်ခြင်းဆိုတာ အနုပညာဖြစ်တယ်၊ ရှင်သန်ခြင်းဟာ သိပ်ကို လှပတယ်၊ ရှင်သန်ခြင်းတွေက အဓိပ္ပာယ်လေးနက်လေ၊ ဘဝက ပိုပြီး အသက်ဝင်လေ ဖြစ်ပါတယ်။ - ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တော့ ကွဲပြားနိုင်တယ်။ ဘဝကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ၊ ရှင်သန်ရခြင်းကို ဘယ်လိုခံယူထားသလဲအပေါ်မှာ မူတည်တယ်။ ဘဝဆိုတာ ရုန်းကန်စရာလို့ ခံယူထားလား ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြတ်သန်း သင့်တယ်လို့ ခံယူထားသလား၊ ဘယ်လို ခံယူထားသလဲ။ - ဘယ်အရာတွေကို ယုံကြည်ထားသလဲ။ ရိုးသားမှုလား ၊ ငွေကြေးဥစ္စာလား ၊ အောင်မြင်မှုလား၊သာယာပျော်ရွှင်တဲ့ မိသားစုဘဝလား၊ ဒါမှမဟုတ် ဟန်ချက်ညီတဲ့ ဘဝတစ်ခုလား။ - ဒီစာအုပ်ထဲမှာတော့ ဘဝရဲ့ ရှင်သန်ခြင်းတွေ အကြောင်း ရေးထားပါတယ်။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေကို ဘယ်လိုသတ်မှတ်ကြမလဲ၊ ရှင်သန်ရတဲ့ အဓိပ္ပာယ်ကို ဘယ်လိုရှာမလဲ၊ ဘဝမှာ နောင်တကင်းအောင် ဘယ်လိုနေမလဲ၊ ငြိမ်းချမ်းပျော်ရွှင်မှု အစစ်မှန်ဟာ ဘယ်အရာလဲ၊ ဘဝမှာ ဟန်ချက်ညီစွာ ဘယ်လိုရှင်သန်မလဲ စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရပါမယ်။