Cart

ခေတ်ကျပ်ကြီးမှာ ခွန်အားရှိစွာနေထိုင်နည်းများ

6500.00 MMK

Author: အေထူးအောင် (အဏ္ဏဝါ)
ID: #1422 Pages: 112

"ခေတ်ကျပ်ကြီးဟာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ယူဆောင်လာပေမဲ့ တစ်ချိန်တည်းမှာပဲ ကြီးမြတ်သော စိတ်ဓာတ်ခွန်အားတွေကို မွေးထုတ်ပေးနိုင်ပါတယ်" - ဒီခက်ခဲတဲ့ ကာလတွေ ပြီးဆုံးသွားတဲ့အခါ … သင်ဟာ ပိုပြီး ပညာရှိသူ ဖြစ်နေပါလိမ့်မယ် (သင်ယူမှုနှင့် ကျွမ်းကျင်မှုတွေကို မမေ့ဘဲ တိုးတက်အောင် လုပ်ဆောင်ခဲ့ရင်) - သင်ဟာ ပိုပြီး ခိုင်မာတဲ့သူ ဖြစ်နေပါလိမ့်မယ် (လဲကျတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကို နေ့စဉ် တည်ဆောက်ခဲ့ရင်) - သင်ဟာ ပိုပြီး စာနာတတ်တဲ့သူ ဖြစ်နေပါလိမ့်မယ် (အခက်အခဲ ကြုံဖူးသူမို့ အခြားသူကို နားလည်ပေးနိုင်ရင်) - ဒီစာအုပ်ထဲမှာ ခေတ်ကျပ်ကြီးမှာ ရှင်သန်ဖို့ စိတ်ခွန်အား၊ အခက်အခဲကို ကျော်လွှားနိုင်သော စိတ်ဓာတ် (Mental Resilience) ကို တည်ဆောက်ခြင်း၊ မရေရာမှုများကြားက မျှော်မှန်းချက်နှင့်ပန်းတိုင်ငယ်များ၊ ခေတ်ကျပ်မှာ မီးမငြိမ်းခဲ့သူများ၊ - ဘာသာရေးနှင့် ဝိညာဉ်ရေးရာဖြင့် စိတ်ခွန်အားကုစားခြင်း၊ စိတ်ကျန်းမာရေးပြဿနာကို သတိပြုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ ခေတ်ကျပ်နှင့် လူငယ်တို့၏ စိတ်ထားတတ်ရန် လိုအပ်မှု၊ ခေတ်ကျပ်မှာ ရှင်သန်နိုင်မယ့် ငွေရှာနည်းလမ်းများ၊ ခေတ်ကျပ်မှာ ပျော်စရာများကို ကြံဖန်ရှာခြင်း၊ ခေတ်ကျပ်မှာ လူငယ်များ လမ်းမှားမရောက်အောင် ကာကွယ်ခြင်း၊ - ခေတ်ကျပ်မှာ လူကြီးမိဘများက လူငယ်များကို ဘယ်လိုခွန်အားပေးသင့်လဲ၊ လူငယ်များက လူကြီးမိဘများအပေါ် ဘယ်လိုတုံ့ပြန်သင့်လဲ၊ ကိုယ့်ကို မကောင်းတဲ့သူများကို ရင်ဆိုင်ပုံ စိတ်ခွန်အား၊ စာဖတ်ခြင်းဖြင့် အမှောင်ထုကို အနိုင်ယူခြင်း၊ ကိုယ့်ဆီ တည့်တည့်တိုးလာသော အခက်အခဲများကို ရင်ဆိုင်ခြင်း၊ မြန်မာပြည်မှ ခေတ်ကျပ်ကို ကျော်လွှားခဲ့သူများ၏ သာဓကများ၊ - ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကျပ်ကို ကျော်လွှားခြင်း၊ လူငယ်နှင့် AIနည်းပညာ - အနာဂတ်၏ သော့ချက်၊ YouTube ပေါ်မှာ ပညာရှာဖွေပြီး အားသာချက်ယူခြင်း၊ Telegram ကို တိုးတက်ရေးအတွက် အသုံးချခြင်း၊ မုဒိတာမပွားနိုင်တဲ့သူ(မနာလိုသူ)တွေကို ဘယ်လို လျစ်လျူရှုမလဲ၊ နောက်ဆုံး ဘာလာလာဒေါင်းတဲ့ စိတ်ဓာတ်နှင့် စုပေါင်းခွန်အား၊ စိတ်ဓာတ်ခွန်အား၏ မီးမငြိမ်းစတမ်း ... ဆိုတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews