Cart

အောင်ပွဲယူတတ်ခြင်း ပညာ

21000.00 MMK

Author: နေထွန်းလင်း
ID: #1431 Pages: 304

"ကမ္ဘာကျော် ရပ်ဘီကစားသမား Dan Carter ရေးသားတဲ့ "The Art of Winning" ဆိုတဲ့ ဘဝအတွက် လက်စွဲကျမ်းစာအုပ်" - ရိုးရိုးရှင်းရှင်း အနိုင်ရတာထက် ပိုနက်ရှိုင်း ပြီး စစ်မှန်တဲ့ "အောင်ပွဲ" ကို ဘယ်လိုဖန်တီး ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ အပြည့်အဝ ပါဝင်နေတဲ့ အဖိုးတန် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ - ကိုယ့်ဘဝမှာဖြစ်ဖြစ်၊အလုပ်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို အောင်မြင်ချင်တယ်ဆိုတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်မျိုးလို့ ပြောလို့ရပါတယ်။ - ဒီစာအုပ်က Dan Carter ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ၊ သူဘယ်လို ကြိုးစားခဲ့ရတယ်၊ ဘယ်လိုအောင်မြင်ခဲ့တယ်၊ ဘယ်လိုကျရှုံးမှုတွေကို ရင်ဆိုင်ပြီး ဘယ်လို ပြန်ထခဲ့ရတယ် ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ရေးပြထားပါတယ်။ - သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေ၊ကြုံခဲ့ရတဲ့ ပျော်ရွှင်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရိုးရိုးသားသားပဲ ပြောပြထားတာပါ။ သူ့ရဲ့ ဇာတ်လမ်းတွေကို ဖတ်ရင်း သူ့နေရာမှာ ကိုယ်တိုင် ဝင်ခံစားရသလိုပါပဲ။ ဒီလို အတွေ့အကြုံတွေက စိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးနိုင်ပါတယ်။ "အောင်ပွဲယူတတ်ခြင်း ပညာ" ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ဘယ်လိုလုပ်ရင် အမြဲတမ်းနိုင်မလဲဆိုတာချည်း ပြောနေတာ မဟုတ်ပါဘူး။ တကယ်တမ်း "အောင်ပွဲ" ဆိုတာ ဘာလဲ၊ ကြိုးစားမှုတွေ၊ စိတ်ဓာတ်တွေ၊အသင်းလိုက် လုပ်ဆောင်မှုတွေနဲ့ ခေါင်းဆောင်မှုတွေက အောင်မြင်မှုကို ဘယ်လိုဖန်တီးပေးလဲဆိုတာကို နက်နက်နဲနဲ ရှင်းပြထားတာ တွေ့ရပါလိမ့်မယ်။ - Dan Carter ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို စိတ်ဝင်စားဖွယ်၊ စိတ်အားတက်ဖွယ် ဖတ်ရှုကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ _အိပ်မက်အသစ်

အဆင့်နှင့်မှတ်ချက်များ

User reviews