22000.00 MMK
Author:
တမ်းတဟန်
ID: #1432
Pages: 344
- ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဆိုတာ အလေ့အကျင့်ပေါင်းများစွာနဲ့ ကျစ်ကျစ်လျစ်လျစ် တည်ဆောက်ထားတာပါ။ မနက်အိပ်ရာနိုးကတည်းက ဘယ်လို အိပ်ရာထမလဲ၊ ကော်ဖီသောက်မလား၊ ဖုန်းအရင်ပွတ်မလား၊ အလုပ်ကို ဘယ်လိုပုံစံသွားမလဲ၊ ညဘက်အိပ်ရာမဝင်ခင် ဘာတွေလုပ်မလဲ - အရာရာတိုင်းနီးပါးဟာ အလေ့အကျင့်တွေရဲ့ ချည်နှောင်မှုအောက်မှာ ရှိနေပါတယ်။ ဒီစာအုပ်က ကျွန်တော်တို့ကို အဲဒီချည်နှောင်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြသပေးပြီး ကိုယ့်ဘဝကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပုံဖော်နိုင်ဖို့ လမ်းပြပေးမှာပါ။ - ဒီစာအုပ်ရဲ့ အဓိက သော့ချက်ကတော့ "အလေ့အကျင့် ကွင်းဆက်" (The Habit Loop) ဆိုတဲ့ သဘောတရားပါပဲ။ ဒါက အလေ့အကျင့်တစ်ခု ဘယ်လိုဖြစ်တည်လာပြီး ဘယ်လိုခိုင်မာလာသလဲဆိုတာကို ရှင်းပြထားတာပေါ့။ - ၁။ Cue (သဲလွန်စ/အချက်ပြမှု) ။ ဒါက အလေ့အကျင့်တစ်ခု စတင်ဖို့ ဦးနှောက်ကို အချက်ပြလိုက်တဲ့အရာပါ။ ဥပမာ - စိတ်ဖိစီးမှု ခံစားရတာ၊ တနေရာရာရောက်တာ၊ ဒါမှမဟုတ် တိကျတဲ့ အချိန်တစ်ခုရောက်တာမျိုး။ - ၂။ Routine (လုပ်ရိုးလုပ်စဉ်) ။ အဲဒီ Cue ကြောင့် ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု၊ အပြုအမူ။ ၃။ Reward (ဆုလာဘ်) ။ ဒီအလေ့အကျင့်ကို လုပ်ဆောင်လိုက်လို့ ရရှိတဲ့ ကောင်းမွန်တဲ့ ခံစားမှု၊ ဒါမှမဟုတ် အကျိုးကျေးဇူး။ ဒီသုံးခုပေါင်းစပ်ပြီး အလေ့အကျင့်တွေက ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ - ဒါကြောင့် "Power of Habits" စာအုပ်ဟာ ကိုယ့်ဘဝကို တကယ်တမ်း တိုးတက်ပြောင်းလဲချင်သူတိုင်း မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ - ဒီစာအုပ်က ကျွန်တော်တို့ကို အလေ့အကျင့်တွေရဲ့ မှော်ဆန်တဲ့စွမ်းအားကို မြင်စေရုံသာမက၊ အဲ့ဒီစွမ်းအားတွေကို ဘယ်လိုအသုံးချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်အောင်သွားရမလဲဆိုတဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကိုလည်း ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။ - ကိုယ့်ရဲ့ ဘဝအနာဂတ်ကို ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ဒီစာအုပ်က သက်သေပြပေးပါလိမ့်မယ်။ _စာရိပ်မြိုင်