Cart

ဖန်တီးဝံ့သောသတ္တိ

10000.00 MMK

Author: ဆည်းဆာ
ID: #1467 Pages: 160

"ကျွန်တော်တို့ဟာ ခေတ်ဟောင်းတစ်ခု သေဆုံးပြီး ခေတ်သစ်တစ်ခု မမွေးဖွားသေးတဲ့ ကြားကာလတစ်ခုမှာ နေထိုင်နေကြရတာပါ။ ဒီလို မရေရာတဲ့ခေတ်မှာ အာရုံခံစားမှုအပြည့်နဲ့ ရှင်သန်နိုင်ဖို့ဆိုတာ တကယ်ကို သတ္တိလိုအပ်တယ်" - Rollo May ရဲ့ "ဖန်တီးဝံ့သော သတ္တိ" (The Courage to Create) ဆိုတာ အနုပညာသမားတွေအတွက်တင်မဟုတ်ဘဲ မိမိဘဝကို အဓိပ္ပာယ်ရှိရှိ ပုံဖော်ချင်သူတိုင်း ဖတ်သင့်တဲ့ ကျမ်းတစ်စောင်ပါ။ ဖန်တီးနိုင်စွမ်းဆိုတာ အပျော်တမ်းဝါသနာတစ်ခု မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို ထုတ်ဖော်ပြသတဲ့ အခြေခံအကျဆုံး လုပ်ရပ်ဖြစ်တယ်လို့ သူက ဆိုထားပါတယ် ။ - ဒီစာအုပ်ထဲမှာ Rollo May က ဖန်တီးမှုရဲ့ နက်ရှိုင်းတဲ့ သဘောသဘာဝတွေကို အချက်အလက်တွေနဲ့တင်မကဘဲ အနုပညာရှင်ပေါင်းများစွာရဲ့ ဘဝတွေနဲ့ပါ သက်သေပြထားတယ် ။ - Cézanne က သစ်ပင်တစ်ပင်ရဲ့ အနှစ်သာရကို ရှာဖွေဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲ၊ Picasso ရဲ့ Guernica ပန်းချီကားက ခေတ်သစ်လူသားတွေရဲ့ ပြိုကွဲမှုကို ဘယ်လို ထင်ဟပ်နေသလဲ၊ Mondrian က ဖရိုဖရဲကမ္ဘာကြီးထဲမှာ အခြေခံအကျဆုံး ပုံသဏ္ဌာန်တွေကို ဘယ်လိုရှာဖွေခဲ့သလဲဆိုတာတွေကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ - ဒါ့အပြင် ပန်းပုဆရာ Giacometti ရဲ့ အရှိတရားကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း ခံစားရတဲ့ စိုးရိမ်ပူပန်မှုတွေကလည်း ဖန်တီးသူတိုင်းအတွက် ရင်နင့်စရာ ကောင်းလှပါတယ်။ - Rollo May က ကဗျာဆရာတွေဖြစ်တဲ့ Yeats၊ Rilke၊ Dylan Thomas၊ Alexander Blok နဲ့ ဝတ္ထုရေးဆရာကြီး James Joyce တို့ရဲ့ အတွေးအခေါ်တွေကိုလည်း ထည့်သွင်းဆွေးနွေးထားပါသေးတယ် ။ - သိပ္ပံပညာရှင် Henri Poincaré နဲ့ Einstein တို့ရဲ့ ဉာဏ်အလင်းပွင့်မှုတွေဟာလည်း အနုပညာဆန်တဲ့ "တင့်တယ်ပြေပြစ်မှု" ပေါ်မှာ အခြေခံနေတယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။ ဒါတင်မကဘဲ Plato၊ Nietzsche၊ Kierkegaard နဲ့ Whitehead တို့ရဲ့ ဒဿနတွေကနေတစ်ဆင့် ဖန်တီးမှုဆိုတာ နတ်ဘုရားတွေကို ပုန်ကန်ရတဲ့၊ သေခြင်းတရားကို အံတုရတဲ့ လုပ်ရပ်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ တင်ပြထားတယ်။ - ဒီစာအုပ်ထဲက အနှစ်သက်ဆုံး စကားလုံးတစ်ခွန်းကို ပြောပါဆိုရင် "ဖန်တီးမှု လုပ်ရပ်တိုင်းဟာ ပထမဆုံးအနေနဲ့ ဖျက်ဆီးခြင်း လုပ်ရပ်တစ်ခု ဖြစ်တယ်" ဆိုတဲ့ Picasso ရဲ့ စကားကို May က ကိုးကားထားတာပါပဲ ။ ကျွန်တော်တို့ဟာ အမြင်ဟောင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ သတ္တိရှိမှသာ အမှန်တရားအသစ်ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ် ။ - ဒါကြောင့် သင့်ဝိညာဉ်ရဲ့ ပန်းပဲဖိုထဲမှာ သင့်ကိုယ်ပိုင် "ကိုယ်ကျင့်သိစိတ်" ကို ပုံသွင်းယူဖို့ ၊ စိုးရိမ်ပူပန်မှုတွေရဲ့ ဟိုဘက်ခြမ်းမှာ ရှိနေတဲ့ ဖန်တီးမှုပီတိကို ခံစားဖို့ "ဖန်တီးဝံ့သော သတ္တိ" ကို မွေးမြူနိုင်အောင် ဒီစာအုပ်မှာရှာဖွေကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews