Cart

ကိုကိုရိုစိတ်ဝိဉာဉ်လူးလွန့်ရှင်သန်ရာအရပ်

18500.00 MMK

Author: ဆုအဲမိ
ID: #1489 Pages: 280

- ရုန်းရင်းဆန်ခတ်မှုတွေကြားမှာ တည်ငြိမ်မှုကို ဘယ်လိုရှာဖွေမလဲ - အမှောင်ထုထဲမှာရော အလှတရားကို ဘယ်လိုမြင်အောင်ကြည့်မလဲ - အတိတ်ကို ဘယ်လိုစွန့်လွှတ်ပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုရပ်တန့်မလဲ - "မမြဲခြင်းတရား" ကို သိမြင်နားလည်ခြင်းက ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ဖို့ ဘာတွေသင်ကြားပေးနိုင်သလဲ - "ကိုကိုရို" (Kokoro - စိတ်ဝိညာဉ်) ရဲ့ အဆုံးအမကို နားစွင့်တတ်တဲ့ ဂျပန်ရိုးရာအစဉ်အလာဟာ လောကကြီးကို နိုးကြားစွာနဲ့ ထိတွေ့ခံစားတတ်ဖို့နဲ့ ကြီးမားတဲ့ မရေရာမှုတွေကြားမှာတောင် စိတ်တည်ငြိမ်မှုကို ပျိုးထောင်ဖို့အတွက် ဘယ်လောက်အရေးကြီးကြောင်း စူးစမ်းရှာဖွေကြည့်လိုက်ပါ။ - ဘက်သ် ကမ်ပ်တန် (Beth Kempton) နဲ့အတူ ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေဆီ ဘုရားဖူးခရီးစဥ်တစ်ခု ထွက်ကြရအောင်။ ရှေးဟောင်းသစ်တောကြီးတွေထဲမှာ လမ်းလျှောက်ရင်း၊ ဒဏ္ဍာရီလာတောင်တန်းတွေပေါ်က လထွက်လာတာကို ငေးမောရင်း၊ လမ်းခရီးတစ်လျှောက်မှာ ပညာရှိဆရာသခင်များစွာနဲ့ ဆုံတွေ့ရင်း ဘဝရဲ့ အကြီးမားဆုံးသော မေးခွန်းတွေအတွက် အဖြေတွေကို သူမ ရှာဖွေခဲ့ပါတယ်။ - သင့်ရဲ့ "ကိုကိုရို" ထဲက အလင်းရောင်အတိုင်း လမ်းညွှန်မှုကိုခံယူပြီး နေထိုင်တတ်လာတဲ့အခါ အရာအားလုံးဟာ ပြောင်းလဲသွားမှာဖြစ်သလို ဘယ်အရာမဆို ဖြစ်နိုင်လာပါလိမ့်မယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews