10000.00 MMK
Author:
ထက်ထက်တင်ဇာ
ID: #1519
Pages: 136
"စတင်ခြင်း၏ သော့ချက်သည် ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ စတင်ရဲသည့် သတ္တိသာလျှင် ဖြစ်သည်" - စတင်ဖို့အတွက် နည်းဗျူဟာတွေ၊ Tool တွေထက် ပိုအရေးကြီးတာက မသေချာမှုတွေကို ရင်ဆိုင်ဝံ့တဲ့ ရဲရင့်မှု (Courage) ဖြစ်ပါတယ်။ - လူအတော်များများဟာ အိုင်ဒီယာတွေ၊ စိတ်ကူးစကားလုံးတွေ အများကြီးရှိကြပေမဲ့ "ဘယ်လိုစရမလဲ" ဆိုတဲ့ မေးခွန်းမှာတင် တိုင်ပတ်ပြီး ရပ်တန့်သွားလေ့ရှိကြပါတယ်။ - ပထမဆုံးစတင်တဲ့ အရာတစ်ခုဟာ ဘယ်တော့မှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ အရေးကြီးတာက "အစပျိုးလိုက်ဖို့" နဲ့ "နေ့စဉ် ပုံမှန် လုပ်ဆောင်သွားဖို့" ဖြစ်ပါတယ်။ - ကြီးမားတဲ့ ပန်းတိုင်တွေကို တွေးပြီး စိတ်ဓာတ်ကျမသွားဘဲ နေ့စဉ် လုပ်နိုင်စွမ်းရှိတဲ့ သေးငယ်တဲ့ အဆင့်လေးတွေကနေ စတင်ဖို့ တိုက်တွန်းထားပါ တယ်။ - လုပ်ချင်စိတ် မရှိတာ၊ စိုးရိမ်တာတွေဟာ ဖန်တီးသူတိုင်း ကြုံတွေ့ရတဲ့ သဘာဝဖြစ်ကြောင်း နားလည်ပြီး စိတ်ကို ကျော်လွှားနည်းတွေကို ဖော်ပြထားပါတယ်။ - စာအုပ်မဖတ်မီမှာတင် "အလုပ်တစ်ခုစဖို့ အချိန်တွေ အများကြီး တွေးတောနေဖို့မလိုဘူး၊ ချက်ချင်းစတင်လိုက်ဖို့ပဲ လိုတယ်" ဆိုတဲ့ စိတ်ခွန်အားကိုအပြည့်အ၀ပေးနိုင်ပါတယ်။ - စာရေးခြင်း၊ စက်ဘီးစီးခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း မည်သည့်အရာမဆို စတင်လိုက်ခြင်းကသာလျှင် အကောင်အထည်ဖော်ခြင်း၏ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ - အနုပညာ၊ စာပေ ဒါမှမဟုတ် ပရောဂျက်တစ်ခုခုကို စတင်ဖန်တီးဖို့ ကြိုးစားနေသူတွေ အိပ်မက်တွေ၊ အိုင်ဒီယာတွေကို အကောင်အထည်မဖော်ဘဲ လက်လွှတ်လိုက်ရတာမျိုးမဖြစ်စေဖို့နဲ့ "အကြောက် တရား" နဲ့ "လက်တွန့်နေခြင်း (Procrastination)" တို့ကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို လက်တွေ့ကျကျ စတင်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း၊ ဖန်တီးမှုအသစ် ဒါမှမဟုတ် လမ်းကြောင်းအသစ်တစ်ခုကို စတင်ဖို့ တွန့်ဆုတ်နေသူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ _ ရွက်လွှာရိပ်