2500.00 MMK
Author:
မြနှင်းဆီ
ID: #193
Pages:
လောကတွင် မိမိ၏မျိုးဆက်သစ်များအားချန်ထားပေးနိုင်သောအမွေ များတွင် ပစ္စည်း၊ ဥစ္စာ၊ ပညာစီးပွားရေးလုပ်ငန်းစသည်ဖြင့် များစွာရှိပါသည်။ ဤစာအုပ်တွင်မူခြေလက်မသန်စွမ်းသူအဘိုးတစ်ဦးကဗကအငျာရောဂါခံစားနေရသူမြေးကလေးအားမေတ္တာစေတနာအပြည့် အဝဖြင့် ရေးသားထားသောပေးစာများကိုဖတ်ရှုကြရမည်ဖြစ်ပါသည်။ မြေးဖြစ်သူစတင်မွေးဖွားလာချိန် လှိုက်လှဲစွာကြိုဆိုသည်မှ အစပြုပြီး ဘဝတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုရင်ဆိုင်နိုင်မည့် စိတ်ဓာတ်ခွန်အားများ၊ လောကကြီးမှ ရနိုင်သောသင်ခန်းစာများအကြောင်းကို ဝေဒနာရှင်ကလေးနားလည်လောက်မည့်စကားအသုံးအနှုန်းများဖြင့် လွယ်ကူရိုးရှင်းစွာရင်ထဲထိရောက်အောင် ရေးဖွဲ့ထားနိုင်သည့် စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်ပါသည်။