3500.00 MMK
Author:
မြနှင်းဆီ
ID: #396
Pages:
မူရင်းစာရေးသူ Yitta နှင့် Judith တို့၏ Small Miracles for Families စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ အဖေနှင့်အမေ၊ သားနှင့်သမီး၊ လင်ယောကျ်ားနှင့်ဇနီး၊ ညီအစ်ကိုနှင့် မောင်နှမ၊ ဘိုးဘွား များနှင့် မြေးများ၊ ဦးလေး၊ အဒေါ် စသည့် မိသားစုဝင်များဆွေမျိုးများ ကြားဖြစ်ပျက်ခဲ့သော အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြစ်ပါသည်။ တဆယ့်သုံး၊ ဆွေမျိုးဆက်၊ ကတိစကား၊ လတူ ရက်တူ နာရီတူ၊ ခရီး သွားဖော် ... စသည် ဖြင့် ဇာတ်လမ်းတို ၅၆ ပုဒ်ပါဝင်ပါသည်။ စတွေ့ချိန်မှစ၍ အင်မတန် ချစ်ခင်ရင်းနှီးသော သူငယ်ချင်းနှစ်ယောက် သည် အံ့သြတိုက်ဆိုင်စွာ ညီအစ်ကိုအရင်းဖြစ်နေပုံ၊ အသည်းအစားထိုးရန် လိုအပ်သောလူနာရှင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းမည့် အလှူရှင်၏အစ်ကိုဖြစ်သူနှင့် လေယာဉ် ပေါ်တွင် တိုက်ဆိုင်စွာ တွေ့ပုံ။ စစ်မြေပြင်တွင် အမြဲလိုလို တစ်ပူးတွဲတွဲရှိနေသော တင့်ကားနှစ်စီးအတွင်းရှိ လူနှစ်ယောက်သည် တိုက်ဆိုင်စွာ မယားညီအစ်ကို ဖြစ်လာပုံ၊ ဇနီးနှင့်သားကို ဆုံးရှုံးခဲ့ရသောကြောင့် ဘုရား သခင်ကို စိတ်နာနေသဖြင့် ဘုရား ကျောင်းမသွားဘဲ နှစ်ပေါင်း ၄၀ ကြာမြင့်မှ လူတစ်ဦးကြောင့် ဘုရားကျောင်း တစ်ခုကို ရောက်ရှိ သွားရာ ထိုဘုရားကျောင်း၏ဦးစီးသူမှာ သေဆုံးသွားပြီဟု ယူဆထားသော သူ့သား ဖြစ်နေပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင်မှုဇာတ်လမ်းတိုများကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။