3000.00 MMK
Author:
မြနှင်းဆီ
ID: #362
Pages:
လုပ်ငန်းဖွံ့ဖြိုးရေးဒါရိုက်တာ၊ ဘဏ္ဍာရေးဒါရိုက်တာ Brinch Finch ၏ Effective Financial Management စာအုပ်ကို ဆရာမမြနှင်းဆီ (Mra Hninzi) က ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း တစ်ခု၊ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရာတွင်လည်းကောင်း၊ စီမံခန့်ခွဲရာ တွင်လည်းကောင်း အသုံးဝင်မည့်နည်းလမ်းများစွာကို အကြံပြုရေးသားထား ခြင်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအတွက် မတည်ငွေရှာဖွေခြင်း၊ ရင်းနှီး မြှုပ်နှံသူများဖြင့် ဆက်ဆံရေးရှင်သန်စေခြင်း၊ ငွေစာရင်းပြုစုခြင်းများ ပါဝင် သကဲ့သို့ အစီရင်ခံခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျ စရိတ်နှင့် ငွေသားစီးဆင်းမှုတို့ကို စီမံကိုင်တွယ်ခြင်း၊ ပရောဂျက်များကို အကဲ ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုဝယ်ယူခြင်း စသည့် ငွေရေးကြေးရေးစီမံခန့်ခွဲမှုများလည်း ပါဝင်ပါသည်။ ထို့ပြင် ငွေသားနှင့်သက်ဆိုင်သောကိစ္စရပ်များကို စီမံအုပ်ချုပ်ရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့ သည် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်မည့်သူတိုင်း မလွဲမသွေသိသင့်သည့်အရာများ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုများကို စနစ်တကျစီမံခန့်ခွဲလိုသူ များအတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုရရှိရန် များစွာအထောက်အကူပြုမည့် စာအုပ်ဖြစ်ပါသည်။