3000.00 MMK
Author:
ဇော်ဝင်းကြူ (ပျဉ်းမနား)
ID: #353
Pages:
ဤစာအုပ်သည် New York Knicks အသင်း၏ ထူးခြားသောပါရမီရှင် Point Guard (တိုက်စစ်မှူး) ကစားသမားနှင့် အမျိုးသားဘတ် စကက်ဘောအဖွဲ့ချုပ်ကြီး (NBA) တွင် ပထမဆုံးပါဝင်ကစားခဲ့သော တရုတ်-ထိုင်ဝမ်မျိုးဆက် အာရှနွယ်ဖွား အမေရိကန်ကစားသမားဖြစ် သူ တစ်ချိန်က အစွမ်းကုန်အနှိမ်ခံခဲ့ရသောJeremy Lin ၏အံ့သြဖွယ် ရာဘဝခရီးအကြောင်းကို ဖွင့်ဟရေးသားထားသောစာအုပ်ဖြစ်ပါ သည်။ အမေရိကန်အိပ်မက်ခေါ်ဆောင်ရာသို့၊Jeremy Lin စွမ်းရည် ပြပွဲ ကန့်လန့်ကာဖွင့်ခြင်း၊ အခေါ်မခံရသူနှင့် ဘယ်သူကမှ မလိုချင်သူ၊ သူ့တစ်ကိုယ်လုံးတွင် ပါလာသောခေါင်းဆောင်မှု စသဖြင့် အခန်းဆယ် ခန်းဖြင့် သူ့ဘဝဇာတ်ကြောင်းကို ရေးသားထားပါသည်။Jeremy Lin ၏ကြိုးစားမှု၊ အသင်းဖော်များအပေါ် ကောင်းစွာထောက်ပံ့ နိုင်မှုနှင့် ကောင်းစွာ ခေါင်းဆောင်နိုင်မှု၊ အသင်းကို အောင်မြင်မှုရရှိရန် အံ့မခန်းစွမ်းဆောင်နိုင်မှုများကို စိတ်အားတက်ဖွယ်ဖတ်ရှုရမည် ဖြစ်ပါ သည်။ ဘယ်သူကမှ မလိုချင်သောအချိန် အရန်ခုံများပေါ်တွင်သာ အထိုင်များခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ အသင်းထဲမှာ ကစားခွင့်ရသောအချိန်မှစ၍ သူ၏အံ့မခန်းသောစွမ်းဆောင်မှုများကြောင့် လူမသိသူမသိဘဝမှ တစ်ကမ္ဘာလုံးတွင် လင်း ရူးသွပ်မှုပေါ်ပေါက်လာသည်အထိ အောင်မြင်မှု ရရှိခဲ့သည့်အကြောင်းများကို ရေးသားထား ပါသည်။ ထို့ကြောင့် Jeremy Lin ၏ သက်ဝင်ယုံကြည်မှု၊ ကြိုးစားအားထုတ်မှု၊ အနှိမ်ခံခဲ့ရသော ဘဝမှတစ်ဆင့် အံ့မခန်းအောင်မြင်မှုရရှိခဲ့ပုံများကို ဖတ်ရှုပြီး ဘဝအတွက် တစ်စုံတစ်ခုသော အကျိုးကို ရရှိရန် အထောက်အကူပြုနိုင်မည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။