8000.00 MMK
Author:
ဇော်ဝင်းကြူ (ပျဉ်းမနား)
ID: #451
Pages:
ခေါင်းစဉ်ကြောင့် အင်မတန်မှလေးလေးပင်ပင်ကြီးဖြစ်မယ့် စာအုပ်လို့ထင်လိုက်ရင်တော့ မှားပါလိမ့်မယ်။ တကယ်တမ်းက နေ့စဉ်လူမှုဘဝတွေထဲ တိုးဝင်နေရာယူလာတဲ့ အင်တာနက်ချိတ်ဆက် နည်းပညာမြင့် ပစ္စည်းအမျိုးမျိုးကစလို့ စာဖတ်သူနဲ့ ရင်းနှီးပြီးသား အကြောင်းအရာတွေကို ပြန်လည်အကျိုးအကြောင်းသင့် ဆွေးနွေးတင်ပြထားတာသာဖြစ်ပါတယ်။ နည်းပညာကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေးအနေအထားတွေနဲ့ ဈေးကွက်တွေကို စိတ်ဝင်တစားကြိုတင်ပြင်ဆင်ချင်သူတွေတိုင်း၊ လူပြောများနေတဲ့ Industrial Revolution 4.0 အကြောင်း အသေးစိတ် သိချင်သူတွေတိုင်း ဖတ်သင့်တဲ့ စာအုပ်တစ်ခုဖြစ်ပါတယ်။ စတုတ္ထစက်မှုတော်လှန်ရေးအပေါ် ခြုံငုံသုံးသပ်ချက်၊ ပြောင်းလဲသွားတဲ့ အဓိက နည်းပညာ တွေ၊ တော်လှန်ရေးရဲ့ အကျိုးသက်ရောက်မှုနဲ့ တော်လှန်ရေးက ဖြစ်ပေါ်စေတဲ့ မူဝါဒပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ချို့ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ကြည့်မှုတွေကို ဤစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။