Cart

လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း

5000.00 MMK

Author: ဇော်ဝင်းကြူ (ပျဉ်းမနား)
ID: #409 Pages:

Brian Finch ရေးသားထားသော Business Plan နှင့်ပတ်သက်သည့် စာအုပ်များထဲမှ How To Write A Business Plan စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ လုပ်ငန်းစီမံချက်ဖွဲ့စည်းပုံ၊ မိမိလုပ်မည့် လုပ်ငန်း၏ နောက်ခံသမိုင်း၊ ဈေးကွက်နှင့် ပတ်သက်သည့် ဈေးကွက်ဖွဲ့စည်းပုံ၊ ပြိုင်ဘက်များ၊ Customer များ၊ ဖြန့်ဖြူးခြင်းအကြောင်းများ၊ ထိန်းချုပ်ကွပ်ကဲမှု၊ ပစ္စည်းဖြည့်တင်းမှု၊ တည်နေရာနှင့် ပတ်ဝန်းကျင်ကြီးကြပ်ကွပ်ကဲမှု စသည့် လုပ်ငန်းဆောင်ရွက်မှု အကြောင်းများ၊ အရောင်းခန့်မှန်းချက်၊ ကုန်ကျစရိတ်များ ကြိုတင်ခန့်မှန်းခြင်း၊ အရှုံးအမြတ်စာရင်း၊ ငွေသားခန့်မှန်းချက်၊ ငွေကြေးထည့်ဝင်ခြင်း စသည့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းများအပြင် လုပ်ငန်းနှင့် ပတ်သက်ပြီး စွန့်စားမှုများ၊ လျှို့ဝှက်ချက်များ၊ လုပ်ငန်းတွင်း လုပ်ငန်းစီမံချက်ကို မဟာဗျူဟာ ကျကျ ရေးဆွဲဖန်တီးခြင်း အကြောင်းများကို အသေးစိတ် တင်ပြဆွေးနွေးထားပါသည်။ ထို့ကြောင့် ကုမ္ပကြီးများမျ လုပ်ငန်းစီမံချက်ရေးဆွဲရသူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြီးပြည့်စုံသော လုပ်ငန်းစီမံချက် တစ်ခုရေးဆွဲနိုင်ရန် ဤစာအုပ်ပါ အချက်အလက်များ၊ အကြံပြုချက်များက များစွာ အထောက်အကူပြုပါလိမ့်မည်။

အဆင့်နှင့်မှတ်ချက်များ

User reviews