3500.00 MMK
Author:
ရဲဒွေး
ID: #377
Pages:
ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်းခေတ်များအကြောင်းကို သက္ကရာဇ် များဖြင့် ဗဟုသုတဖြစ်ဖွယ်ရေးသားထားသည့်အပြင် ထိုခေတ်များတွင် ထင်ရှားလူကြိုက်များခဲ့သော ကဗျာများ၊ တေးသီချင်းဂီတများ၊ အငြိမ့် သဘင်၊ ရုပ်သေးအကများနှင့် ဇာတ်တော်များအကြောင်းကို စုံလင်စွာ တင်ဆက်ထားပါသည်။ ထို့အပြင် ရှေးခေတ် သဘင်ဝန်အကြောင်း၊ ဇာတ်တော်ကြီးဆယ်ဘွဲ့မှ မဟာဇနက္ကဇာတ်တော်၊ မဟော်သဓဇာတ် တော်နှင့် ဝေဿန္တရာဇာတ်တော်များအကြောင်း၊ ပဋာစာရီဇာတ်၊ ခိုးသား ငါးရာဇာတ်၊ ဝိဇယဇာတ်၊ နိန္ဒိယကုမ္မာဇာတ်၊ ရွှေဖျဉ်းညီနောင်၊ ပန်းဘဲ မောင်တင့်တယ်၊ မြစိမ်း၊ မောင်ပေါက်ကျိုင်းစသော ဇာတ်လမ်းများ ကိုလည်း စိတ်ဝင်စားဖွယ် တင်ဆက်ထားသဖြင့် မြန်မာ့ယဉ်ကျေးမှုအ ကြောင်း သိလိုသူတို့လေ့လာသင့်သောစာအုပ်လည်း ဖြစ်သည်။ မြေဝိုင်း ခေတ်မှစ၍ ခေတ်အဆက်ဆက်ပြောင်းလဲလာသောအငြိမ့်သဘင်နှင့် ပြဇာတ်များကို သမိုင်းဝင် ဓာတ်ပုံများဖြင့် အရောင်အသွေးစုံလင်စွာ ဖော်ပြထားပါသည်။ အင်္ဂလိပ်ဘာသာနှင့် ရေးသား ထားသဖြင့် ဘာသာစကားလေ့လာလိုသူများအတွက် လက်စွဲထားသင့်သလို နိုင်ငံခြားသား မိတ်ဆွေများအားလည်း လက်ဆောင်အဖြစ်ပေးသင့်သော စာအုပ်ကောင်းတစ်အုပ်။