Cart

ရွှယ်ဟွားနှင့် လျှို့ဝှက်ယပ်တောင်

16700.00 MMK

Author: ဖြိုးကျော်
ID: #860 Pages: 517

- လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်က တရုတ်ပြည်ရှိ တိုင်းရင်းသားတစ်မျိုးဖြစ်တဲ့ ယောင်ဝ်လူမျိုး ပိုင်ဟောနဲ့ ရွှယ်ဟွား ဆိုတဲ့တဲ့မိန်းမငယ်နှစ်ဦးရဲ့ ဇာတ်လမ်း။ - တစ်ယောက်က ဆင်းရဲတဲ့တောင်သူရဲ့ သမီး။ နောက်တစ်ယောက်က လူချမ်းသာမိသားစုကလာတဲ့ မှူးကြီးမတ်ကြီးရဲ့မြစ်။ - အသက် ခုနစ်နှစ်အရွယ်ကတည်းက စတင် ဆုံစည်းခဲ့ကြတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာက သမီးရည်းစား၊ လင်မယား အချစ်တွေထက် ဆန်းကြယ်တယ်။ သေသည်ထိ ချစ်ခင်သွားကြမယ်လို့ သစ္စာဆိုထားကြတယ်။ သူတို့ရဲ့ချစ်ခြင်းက နှစ်ဦးစလုံးအိမ်ထောင်ကျသည်အထိ ခိုင်မြဲခဲ့ကြတယ်။ - ဒါပေမဲ့ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲကျတော့ ဂယက်ထသလိုပါပဲ။ အတ္တ၊ မာန၊ အာဃာတတွေက သူတို့ကြားကို မွှေနှောက်ခဲ့ကြတယ်။ - မူရင်းစာရေးသူက အဲဒီခေတ် တရုတ်ပြည်ရဲ့အခြေအနေ၊ အမျိုးသမီးတွေရဲ့စရိုက်သဘာဝ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာထုံးဓလေ့ (ဥပမာ - ခြေထောက်စည်းနှောင်ခြင်းဓလေ့) တွေနဲ့ ရောစပ်ပြီး ဒီဇာတ်လမ်းကို ပီပီပြင်ပြင် ရေးဖွဲ့ထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews